- Web Master
- ၀၆ စက်တင်ဘာ ၂၀၂၄
နိရဥ္စရာ၊ သြဂုတ် ၁၄/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးရှိ နရန်းလမ်းဆုံတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
၎င်းနေရာမှာ မင်းပြားမြို့မှ လေးမိုင် ငါးမိုင်ခန့်အကွာ ရာမောင်တံတားအနီး နရန်းလမ်းဆုံဖြစ်ကြောင်း၊ ၎င်းနေရာမှာ မြောက်ဦး၊ မင်းပြားနှင့် ရန်ကုန်ဘက်သို့ အသွား ရာမောင်တံတားအနီးရှိ လူသွားလူလာများသည့် လမ်းဆုံဖြစ်ကြောင်း သိရသည်။
“ တိုက်ပွဲက ပြင်းပါတယ်။ ၁၂ နာရီကျော် လောက်က ဖြစ်တယ်ထင်ပါတယ်။ အခု ထက်ထိ လက်နက်သံတွေကို ကြားနေရတုန်းပါဘဲ” ဟု ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ဆက်သွယ် ပြောကြားသည်။
အနီးအနားရှိ ဒေသခံများမှာ ကြောက်လန့်ပြီး အိမ်ထဲတွင် ပုန်းအောင်းနေကြသည်ဟု ပြောသည်။
တစ်ခြားဒေသခံ တစ်ဦးက “ အခြေအနေ ဘယ်လို ဖြစ်နေတယ်ဆိုတာ မသိရဘူး။ သေနတ်သံတွေက ဆက်တိုက်ကြားနေရတုန်းပါ” ဟု ပြောကြားသည်။