- Web Master
- ၀၆ စက်တင်ဘာ ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၂၁/၂ဝ၁၉
အောက်တိုဘာ ၂၁ ရက်နေ့ နံနက်က စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခံရသည့် မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာမှ ရွာသားနှစ်ဦး ပြန်လွတ်လာပြီဟု သတင်းရရှိသည်။
၎င်းတို့နှစ်ဦးမှာ ချောင်းကြီးကျေးရွာ ကမ်းလမ်းဘေးရှိ ရတနာထွန်း ထမင်ဆိုင်ပိုင်ရှင် ဦးထွန်းမြင့် (၅၁) နှစ်နှင့် ကိုနိုင်လင်း ( ၂၉ )နှစ် တို့ဖြစ်ကြသည်။
“ မသင်္ကာလို့ ကမ်းနီအခြေစိုက် တိုင်းဗဟို ၉ ကို ဒီလ ၂၁ ရက်နေ့က ခေါ်သွားတယ်။ မနေ့ ညနေပိုင်းမှာတော့ ခံဝန်နဲ့ လွတ်ပေးလိုက်တယ်လို့ သိရပါတယ်” ဟု ချောင်းကြီးကျေးရွာလူကြီး တစ်ဦးက ပြောသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကကလည်း သူတို့ နှစ်ဦးကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီလောက်က သူတို့ နှစ်ဦးကို စစ်တပ်က ဖမ်းခေါ်သွားခြင်းကို အတည်ပြုထားသည်။