တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ကိုပို့ဆောင်မယ့် မောင်းပြန်ရိုင်ဖယ် လက်နက်၂၀၀ကျော်ဖမ်းမိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ အောက်တိုဘာ ၉/ ၂၀၂၁
ရခိုင်ကို ပို့ဆောင်မဲ့ လက်နက် ၂၀၀ ကျော်ကို ဆီဘောက်ဆာ ကားတစ်စီးပေါ်က ဖမ်းမိတယ်လို့ နစက ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းမိတဲ့ လက်နက်တွေ အထဲမှာ ကေအိုင်အေထုတ် အမှတ် (၈၁)အမျိုးအစား 7.62 MM ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ် ၂၀၀ လက်၊ ကေအိုင်အေထုတ် အမှတ် (၈၁) အမျိုးအစား (7.62) အပေါ့စား စက်သေနတ် ၂၀ လက်၊ ၎င်းကျည်အိမ် ၅၄ ခု၊ ကျည် ၃၂၆၄၀ တောင့်၊ 100 MM HE တာဝေးခွင်းဗုံး ၈၉ လုံး၊ အစပျိုး စနက်အုံ ၈၉ ခုနှင့် ဆက်စပ်စ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ထုတ်ပြန်ပါတယ်။
၎င်းလက်နက်တွေကို ဆီဘောက်ဆာယာဉ်ရဲ့ ဆီအကန့် ၅ ကန့်ရှိတဲ့ အနက် နောက်ဆုံးအကန့်မှာ အံဝှက်ပြုလုပ်ပြီး ယူဆောင်လာရာမှာ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်အနီး မြို့ပတ်ကမ်းနားလမ်းမှာ အောက်တိုဘာ ၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က သတင်းအရ ဖမ်းမိတယ်လို့ဆိုပါတယ်။
အဲဒီကားကို ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်နေ နေလင်းထွန်း ၄၂ နှစ်(ဘ)ဦးထွန်းနိုင်၊ မောင်းနှင်လာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ