ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

သံတွဲမှ နောက်ဆုံးလက်ကျန် ကွင်းဝိုင်းရေတပ်အားခံစစ်ပြင်ပြီး ရေတပ်အဝင်လမ်းပေါ်ရှိ တံတားများအားဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

လူထက်နိုင် (ဒွာရာမြီ) နိရဉ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၄

ရခိုပြည် သံတွဲမြို့နယ်တွင် နောက်ဆုံးလက်ကျန် အခြေစိုက်စခန်း ကွင်းဝိုင်းရေတပ်ကို ခံစစ်အတွက် စစ်ကောင်စီက ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရေတပ်အဝင် ကားလမ်းပေါ်ရှိ တံတားများကိုလည်း စစ်ကောင်စီက ဖျက်ဆီးပစ်လိုက်ပြီဟု သတင်းရရှိသည်။

၎င်းပြင် ပြည်သူများ ဖြတ်သန်းသွားလာကို ခွင့်မပြုတော့သဖြင့် မောင်ရွှေလေးနှင့် ကျောက္ကလပ် ကျေးရွာများမှ ဒေသခံများမှာလည်း ရွာထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။

ကွင်းဝိုင်းရေတပ်နားကိုပတ်ပြီး မြောင်းတူးထားတယ်ကာဗာပေါ့ကွင်းဝိုင်းတပ်က ရေဖြူအိုင်နဲ့ သစ်ကောက်ရွာမှာတပ်စွဲထားတယ်ရေတပ်ရှေ့မှမြောင်းတူးပြီးလူဖြတ်သန်းခွင့်မပေးတော့ဘူး၊ မောင်ရွှေလေးကျေးရွာနဲ့ကျောက္ကလပ်ကျေးရွာဒေသခံတွေပိတ်မိနေတယ်ဟုဒေသခံတစ်ဦးမှ ပြောသည်။

၎င်းပြင် အာရက္ခတပ်တော်က ဝင်ရောက်လာနိုင်သည့် ဇလွန်လမ်းဆုံမှ သပြုချိုင်ရွာအဝင် ကားလမ်းပေါ်ရှိ တံတားများကိုလည်း ဖျက်ဆီးပစ်လိုက်ပြီဟု ဒေသခံများက ပြောသည်။

ဖျက်ဆီးလိုက်တဲ့ တံတားတွေကတော့ သရက်ပင်ကွင်းတံတား၊ ဇလွန်တံတား၊ ဆင်ဒင်လေးတံတားနဲ့  ပိန်းတောကြီးတံတားတို့ဖြစ်ကြပါတယ်။  စစ်တပ်နဲ့ ရင်းနှီးတဲ့  ဒေသခံတချို့ကို တံတားတွေကို မချိုးခင် ရွာကနေ  ထွက်ခွာဖို့ ြောဆိုတာတွေလည်း ရှိခဲ့ပါတယ်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို့ ဖျက်ဆီးခြင်းမှာ အာရက္ခတပ်တော်က အဆိုပါ လမ်းအတိုင်း ဝင်ရောက်လာပြီး ကွင်းဝိုင်းရေတပ်စခန်းအား တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အကျအဆုံးများဖြင့် ကွင်းဝိုင်းရေတပ်သို့တပ်ဆုတ်လာသော စစ်ကောင်စီတပ်သားများ သည်  ရေတပ်ဝန်းကျင်ကို မြောင်းတူးကာခံစစ်ပြင်ထား ကြောင်း ဒေသခံများထံမှသိရသည်။

သံတွဲမြို့ကို အေအေထိန်းချုပ်လိုက်ပြီးနောက် ဂျိတ္တောကမ်းခြေတစ်လျှောက်နှင့်တောတန်းများတွင် စစ်ကောင်စီမှာခုခံလျက်ရှိနေပြီး  ကွင်းဝိုင်းရေတပ်သို့ ဆုတ်ခွာနေသော စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်မှ လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် နောက်ဆုံးခံစစ်ဖြစ်သော ကွင်းဝိုင်းရေတပ်အား ကုန်းလမ်းမှ တစ်ဆင့် ဝင်ရောက်နိုင်သည့် ဇလွန်ကျေးရွာမှစတင်ကာ တပ်စွဲနေရာယူထားပြီး လမ်းတစ်လျှောက်ရှိ ကျီးကန်းရဲလမ်းဆုံမော်ရုံလမ်းဆုံ၊ ရေဖြူအိုင်၊ သစ်ကောက်ကျေးရွာများတွင် စောင့်ဆိုင်းနေရာယူကာ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ