တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီက TNLA နယ်မြေကို ထပ်မံဗုံးကြဲ၍ တပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၀ ရက်/၂၀၂၄

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြိုနယ်ရှိ တအာင်းတပ်မတော် တပ်စခန်းသို့ စစ်ကောင်စီတပ်ဖွဲမှ ထပ်မံ၍ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲဝင် ၂ ဦးနှင့် အရပ်သားပြည်သူတစ်ဦး၊  စုစုပေါင်း ၃ ဦးသေဆုံးကာ ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

TNLA ၏ သတင်ထုတ်ပြန်ချက်ထဲတွင်  စစ်ကောင်စီ တပ်စွဲထားသည့် ရွှေညောင်ပင် ရွာမှ  ဆမ္မဆယ်ရွာသို ဇွန်လ (၁၉)ရက် နေ့လည် ၁၁နာရီ၂၅ မိနစ် တွင်တစ်ကြိမ်၊ ၁၁နာရီ၃၃ မိနစ် တွင်တစ်ကြိမ် ဒရုန်းဖြင့်လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အလားတူ နေ့လယ် ၃နာရီခွဲ အချိန်တွင်လည်း မိုးကုတ်မြိုနယ် တောင်နီကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်

ဤတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရရှိခဲ့ပြီး ထိုထဲတွင် အသက်  (၁၀)နှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင်သည်။ ထိုအပြင် လူနေအိမ် (၂)လုံးလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်းသိရသည်

ဇွန်လ (၁၈)ရက်နေ့တွင်လည်း နောင်ချိုမြိုနယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီအဖွဲမှ ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းအား ဒရုန်းဖြင့် ဗုံး(၄)လုံးလာရောက်ဗုံးကြဲမှုကြောင့် TNLA ရဲဘော် (၁)ဦး အသက်ပေးလှူခဲ့ရပြီး (၄) ဦးဒဏ်ရာပြင်ထန်ရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်အား အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် TNLA တည်ရှိရာသို နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် PSLF/TNLA ထိန်းချုပ်ရာမြိုသို ဆက်သွယ်ထားသည့် လမ်းကြောင်းများဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းပြုလုပ်လျှက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ