တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃) ရက်အတွင်း၊ အရပ်သား (၄၉) ဦးသေဆုံးပြီး (၆၇) ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ ဇူလိုင် ၇/ ၂၀၂၄

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်ပွဲကာလ (၁၃) ရက်အတွင်း အရပ်သား (၄၉) ဦးသေဆုံးပြီး (၆၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်းတအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။

တအာင်းပြည် တပ်မဟာ (၂)နှင့် တပ်မဟာ (၆)စစ်ဒေသတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကြောင့် အရပ်သား (၃) ဉီးထပ်မံသေဆုံးပြီး (၁၀) ဉီး ဒဏ်ရာရရှိခဲ့ ရာ တိုက်ပွဲ (၁၃) ရက်အတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၄၉) ဦး သေဆုံးပြီး (၆၇) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းTNLA က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကျေးရွာတွင် စစ်ကောင်စီလက်နက်ကြီးတစ်လုံးကျ ရောက် ပေါက်ကွဲမှုကြောင့် အသက် (၆၃)နှစ်အရွယ် ဉီးမောင်မောင်၊ အသက် (၄၀) နှစ်အရွယ် ဒေါ်ယာအီ ပွဲချင်းပြီးသေ ဆုံးပြီး (၄) ဉီးထိခိုက်ဒဏ်ရာရရှိသည်။

အလားတူ ဇူလိုင်လ (၇) ရက် ယနေ့နေ့လည်း (၁း၀၀) နာရီအချိန်  မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၁ နှစ်အရွယ် ဉီးထွန်းလက်၊ အသက် ၂၆ နှစ်အရွယ် အောင်ကျော်မြင့်နှင့် အသက် ၅၇ နှစ်အရွယ် ဒေါ်စောခင် ဆိုသူ (၃) ဉီးထိမှန်ဒဏ်ရာပြင်းထန်စွာရရှိသည်။

ထို့အပြင် ဇူလိုင် (၆) ရက် ယမန်နေ့တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅) တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဉီးသေဆုံးသွားပြီး (၃) ဉီးထိခိုက် ဒဏ်ရာရရှိသည့် အပြင်  လားရှိုးမြို့နယ် နမ့်နွန်းရွာတွင် ဇူလိုင် (၅) ရက်နေ့ နေ့လည်း (၁) နာရီအချိန်တွင် ကျည်ထိမှန်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားသည်။

တိုက်ပွဲ (၁၃) ရက်အတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၄၉) ဦး သေဆုံးပြီး (၆၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုPSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှသတင်းထုတ်ပြန်ချက်အရသိရသည်။

ဆက်စပ် သတင်းများ