သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

နိရဉ္စရာရခိုင်သတင်းဂျာနယ်ထွက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၈/၂၀၂၁

အတွဲ၇၊ အမှတ် (ဇန်နဝါရီ ၁၆-၃၁/၂၀၂၂) နိရဉ္စရာရခိုင်သတင်းဂျာနယ် ထွက်ရှိလာပြီဖြစ်သည်။

ယခုထုတ်ဝေလိုက်သည့် ဂျာနယ်တွင် ရွေးချယ်ဖော်ပြလိုက်သော ဆောင်းပါးများမှာ မောင်သက်ဝေ(အမ်း) ရခိုင်ရိုးရာရထားဆွဲပွ ရွှေပြည်ရမ္မာ (မဂဓတက္ကသိုလ်) မိဘအရိပ် မောင်မောင်စိုး၏ ရခိုင်ပြည် လူ့အဖွဲ့အစည်း၏သဟဇာတ ရက္ခ၏ ရခိုင်စစ်ပွဲထဲမှ မြေစာပင်တစ်ပင်၏ ရှိုက်သံများ CWM နိုး-ဖလိုင်းဇုန်( N0-fly zone)ဖြစ်စဉ်များ ဖြိုးထက်နိုင်(တောင်စဉ်ကမ်း) မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်နှင့် အိမ်တွင်းရေးအကြမ်းဖက်မှုပြဿနာ ဘင်္ဂလီသတင်းဌာန Prothom Aloနှင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အင်တာဗျူးကောက်နုတ်ချက်၊ ဖရန့်ခ် ဂါ့ဒ်နာ( ဘီဘီစီလုံခြုံရေ သတင်းထောက်) အနာဂတ်စစ်ပွဲတွေဘယ်လိုပုံစံဖြစ်လာမလဲ စသည့် ဆောင်းပါးများဖြစ်ကြသည်။

တွေ့ဆုံမေးမြန်းခန်း (အင်တာဗျူးကဏ္ဍ)တွင် ရခိုင်ဝါရင့်စာရေးဆရာ အရှင်ဇယန္တဗောဓိ(ပန်းအောင်)နဲ့ စာပေဆိုင်ရာအင်တာဗျူး၊ ကျေးရွာစာကြည့်တိုက်များနှင့် ပတ်သက်ပြီး ကျေးရွာစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရခိုင်ပြည်နယ်) အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်မိုး(သင်ပုန်းတန်း) လျှပ်တစ်ပြက်င်တာဗျူး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သစ်လွင်သော နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တွဲဘက်အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် မေးမြန်းခန်းတို့ ထည့်သွင်း ဖော်ပြထားပါသည်။

ကဗျာကဏ္ဍတွင် စောသဇင်(မြေပုံ) သာယာလေစွ တိုင်းဓည ရိုးနွယ်(ကျောက်ဖြူ) ပန်းပျိုးသူ၏ ရင်တွင်း မောင်နှစ်သိမ့်(တောင်ကုတ်) ဒီနေ့ဖတ်စာနှင့် လင်းဆက်ခိုင်(ဒွာရ၀တီ) အဖပြည်သူပြည်သားများတို့ကို ဖော်ပြထားပါသည်။

ယင်းအပြင် ရခိုင်/မြန်မာ/ ကမ္ဘာတစ်လွှားမှ နောက်ဆုံးရရှိထားသော သတင်းများကို စာဖတ်ပရိသတ်များအကြိုက်ရွေးချယ် ဖော်ပြထားပါသည်။

စစ်တွေ အပါအဝင် ရခိုင်မှ မြို့နယ်၁၇ ခုစလုံးနှင့် ရန်ကုန်တွင် ဇန်နဝါရီ ၁၉ ရက်နေ့ မှ စတင် ဖြန့်ချီပါမည်။ ဤဂျာနယ်ရေရှည်ရပ်တည်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား ကြော်ငြာများ ထည့်သွင်းပြီး ကူညီကြပါရန် မေတ္တာရပ်ခံပါသည်။

ဆက်စပ် သတင်းများ