အင်္ဂါ၊ အောက်တိုဘာလ ၂၂ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် စစ်ကျန်ဗုံးကို ထုခွဲရာမှ ဆက်ကျော်သက်အရွယ် လူငယ် ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 466

နိရဉ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၄

အာရက္ခတပ်တော် ( AA) ထိန်းချုပ်ထားသည့် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့တွင် စစ်ကျန်ဗုံးသီးကို ထုခွဲကစားရာမှ လူငယ်နှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူ လူငယ် ၂ ဦးမှ ကင်းတဲရွာမှ မောင်ဖြိုးဝေစိုး (၁၆) နှစ်နှင့် အောင်ဆိပ်ရပ်ကွက်မှ မောင်ကောင်းခန့်ပိုင်( (၁၇) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့သည့် ကင်းချောင်း တံတားတွင် ဝိုင်းဖွဲ့ အရက်သောက်ကြချိန်တွင် စစ်ကျန်ဗုံးတစ်လုံးကို ကောက်ရရာမှ ထုခွဲကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးသေဆုံးသွားခဲ့ကာ ၅ ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။  (သတင်းပေးပို့-CJ)

ဆက်စပ် သတင်းများ