တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ထိုင်ဝမ်ကို စစ်ရေးအကူအညီ ဒေါ်လာ ၃၄၅သန်းပေးမည်ဟု အမေရိကန်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 894

အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအကူအညီ ဒေါ်လာ ၃၄၅သန်းဖိုး ပေးအပ်သွားမည်ဟု ယမန်နေ့ ဇူလိုင် ၂၈ ရက်က ကြေညာလိုက်သည်။

အဆိုပါ အကူအညီသည် တရုတ်ကို တန်ပြန်ဖို့ သမ္မတ ဘိုင်ဒန်အစိုးရ၏ ထိုင်ဝမ်ကို ပထမဦးဆုံးပေးအပ်သည့် အဓိက အကူအညီလည်းဖြစ်သည်။

အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်အရ ပေးအပ်မည့်အကူအညီများအထဲတွင် ထိုင်ဝမ်သားများအတွက် ကာကွယ်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေးများ ပါဝင်သည်ဟု သိရသည်။

အမေရိကန်က ပေးပို့သည့် အကူအညီများအထဲတွင် လူကိုယ်တိုင် သယ်ဆောင်ပစ်ခတ်နိုင်သည့် လေကြောင်းကာကွယ်ရေးစနစ်( MANPADS)၊ သတင်းထောက်လှမ်းရေး နှင့် စူးစမ်လေ့လာရေးဆိုင်ရာ စွမ်ဆောင်ရည်ပစ္စည်းများ၊ လက်နက်ကြီးများနှင့် ဒုံးကျည်များ ပါဝင်သည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိ နှစ်ဦးက ပြောသည်။

အဓိက ရည်ရွယ်ချက်မှာ တရုတ်၏ တိုက်ခိုက်လာနိုင်ခြေကို ဟန့်တားဖို့နှင့် တရုတ်ကို တန်ပြန်နိုင်အောင် ကူညီမှုဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါ အကူအညီပေးမှုကို တရုတ်သံတမန်များက ကန့်ကွက်ခဲ့သော်လည်း ဝါရှင်တန်တွင်ရှိသည့် ထိုင်ဝမ်ကုန်သွယ်ရေးရုံးက သိုလှောင်ထားသည့် လက်နက်နှင့် အခြားပစ္စည်းများကို ယခုကဲ့သို့ ထုတ်ပေးသည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် ထိုင်ဝမ်၏ မိမိကိုယ်မိမိ ကာကွယ်ရေး အထောက်အကူပြုမည့် အဓိကလက်နက်ကိရိယာများဖြစ်သည်ဟု ပြောသည်။

အမေရိကန်နိုင်ငံနှင့် ထိုင်ဝမ်အကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ထိုင်ဝမ်ရေလက်ကြားမှာ နေမြဲအတိုင်းရှိရေး အတူတကွ လက်တွဲလုပ်ကိုင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။(NN-27)

ဓာတ်ပုံ - Financial Express

ဆက်စပ် သတင်းများ