- Web Master
- ၃၁ သြဂုတ် ၂၀၂၄
တရုတ်နိုင်ငံမှ
လွင့်တင်ထားသော အာကာသယာဉ်မှ မလိုအပ်သောပစ္စည်းအစိတ်အပိုင်း
အဆိုပါအစိတ်အပိုင်းများသည် စက်တင်ဘာလ
၇ ရက်နေ့၊ ညဉ့် ၁၂ နာရီ ၅ မိနစ်တွင် သံတွဲမြို့၏ အနောက်တောင်ဘက် ၉၂
မိုင် အကွာ၊ မာန်အောင်ကျွန်း၏ တောင်ဘက် ၁၀၅ မိုင် အကွာနှင့် ချောင်းသာမှ ၆၄
မိုင်အကွာဝန်းကျင် ပင်လယ်ပြင်၌ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီက
ထုတ်ပြန်ထားသည်။
အဆိုပါအစိတ်အပိုင်းများ
ကျရောက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က
ဆိုသည်။
ယခုကဲ့သို့ တရုတ်အာကာသယာဉ်များမှ
စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မည့်အကြောင်းကို တရုတ်နိုင်ငံအစိုးရနှင့်
စစ်ကောင်စီအစိုးရတို့ ကြိုတင်ထုတ်ပြန်သတိပေးမှုမရှိခဲ့
“အန္တရာယ်များမှာကတော့ ဒီဘက်မှာဆိုတော့
ငါးဖမ်းသမားတွေ ပိုပြီးများတယ်လေ။ သွားလာနေကြတယ်။ အဲဒါတွေရှိတယ်။
နောက်ပိုင်းဆို အရမ်းသတိထားလာရမယ်။ အစိုးရဘက်ကလည်း သတင်းအချက်အလက်လည်း
မရဘူးပေါ့လေ။ ပြောရမယ်ဆိုရင် သတင်းအချက်အလက်မရ၊ တရုတ်ကလည်း
သူတို့ချက်ချင်းသိတယ်ဆိုရင် သူတို့ကိုယ်တိုင်လည်း သတင်းအချက်ပေးရမယ်လေ။
ဆိုတော့ ကျနော်တို့ တွေးကြည့်သလောက်ကတော့ ဒီဟာတွေဟာ လုံးဝကို
ပြုတ်ကျလာပြီးမှ သူတို့ဟာ သတင်းအချက်အလက် တွေကိုပေးတာဖြစ်
ဘင်္ဂလားပင်လယ်အော်နှင့်
အိန္ဒိယသမုဒ္ဒရာသည် တရုတ်အာကာသယာဉ်များ၏ အပိုင်းအစဟေ
ယင်းသို့ကျရောက်လာသည့် စွန့်ပစ်ပစ္စည်းများတွင်
ရေဒီယိုသတ္တိကြွပစ္စည်းများလည်း ပါဝင်လာသည့်အတွက် ပင်လယ်ပြင်ကို
ညစ်ညမ်းစေသလို ပင်လယ်တွင်းရှိ ရေနေသတ္တဝါများနှင့် ဂေဟစနစ်ကိုလည်း
ထိခိုက်ပျက်စီးစေနိုင်သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ
၂၁ ရက်၊ ညဉ့် ၁၂ နာရီခွဲခန့်ကလည်း တရုတ်နိုင်ငံမှ လွှင့်တင်ထားသည့်
အာကာသယာဉ်မှ မလိုအပ်သော စွန့်ပစ်ပစ္စည်း အစိတ်အပိုင်းများသည်လည်း
မာန်အောင်ကျွန်း၏ တောင်ဘက် ၁၀၄ ကီလိုမီတာ၊ ဂွမြို့နယ်၏
အနောက်ဘက် ၆၆ ကီလိုမီတာအကွာ ပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ
အာကာသယာဉ်မှ မလိုအပ်သည့်စွန့်ပစ်ပစ္စည်းများ ရခိုင့်ပင်လယ်ပြင်တွင်
မကြာခဏဆိုသလိုကျရောက်နေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ
၂၆ ရက်၊ မတ်လ ၂ ရက်၊ ဧပြီလ ၇ ရက်နှင့် ၁၃ ရက်တို့ကလည်း ရခိုင့်ပင်လယ်ပြင်အတွင်း
ကျရောက်ခဲ့ဖူးသည်။
အလားတူ ပြီးခဲ့သည့်
၂၀၂၁ ခုနှစ်၊ ဇီဇင်ဘာလ ၆ ရက်နှင့် ၁၂ ရက်တို့ကလည်း ရခိုင့်ပင်လယ်ပြင်သို့
ကျရောက်ခဲ့ဖူးသည်။