- Web Master
- ၁၄ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့
သစ်ပုတ်တောင် ဓညဝတီရေတပ်စခန်းအနီးတွင် တည်ရှိသည့် ရှောက်ချောင်းကျေးရွာ အနီးဝန်းကျင်တွင် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉နာရီကျော်
ရှောက်ချောင်းဒေသခံအမျိုးသမီး
၎င်းနောက်တွင် ရှောက်ချောင်းကျေးရွာသားများသည် စိုးရိမ်ထိတ်လန့်ပြီး
ရွာကို စွန့်ခွာကာ ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။
နောက်ထပ်
အမျိုးသမီးတစ်ယောက်က
" သေနတ်ပစ်သံတွေကိုကြားရတော့ သွေးနုသားနုနဲ့ ကျမညီမ တစ်ယောက် ဆိုရင်
အရမ်းကြောက်သွားတာ။ အဲ့လိုအသံတွေ
၎င်းကျေးရွာသားများသည် ယနေ့နံနက်အချိန်ထိ ရွာကို မပြန်ဘဲ
တစ်ခြားရွာများတွင် ခိုလှုံနေရဆဲဟု ဆိုသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် နံနက် (၉) နာရီအချိန်ခန့်တွင် ကျောက်ဖြူမြိုနယ်ရှိ ဓညဝတီ
ရေတပ် စခန်းအနီး၌ စစ်ကောင်စီစစ်ကြောင်း တစ်ခုမှ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာနယ်မြေသို့ ရုတ်ချည်း စစ်ကျွံလာ၍ စစ်ရေးထိပ်တိုက်အခြေအနေကြောင့် ထိတွေ့
တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏
သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရက္ခိုင့်တပ်တော်က အာရ်ပီဂျီနှင့် ကားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး
ကားတစ်စီး ထိမှန်ကာ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည်။
သို့သော်လည်း အဆိုပါ အကျအဆုံးများနှင့် ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့များမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသဖြင့် ထိခိုက်ကျဆုံးစာရင်းအတိအကျကိုတော့ ဖော်ပြနိုင်ခြင်းမရှိပါ။
အဆိုပါရှောက်ချောင်းကျေးရွာသည် အိမ်ခြေ၁၀၀ရှိပြီး လူဦးရေ၃၀၀ကျော်ခန့်ရှိကာ စိုက်ပျိုးရေးနှင့် နွား၊ ဝက် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း သိရသည်။(NN-11)