- Web Master
- ၁၅ အောက်တိုဘာ ၂၀၂၄
ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ယနေ့နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် မြေငလျှင်ကြောင့် ကူမီလာခရိုင်ရှိ အလုပ်ရုံ တစ်ခုမှ အလုပ်သမား ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားများမှာ မြို့တော် ဒါကာအနီးရှိ ကူမီလာခရိုင် Chauddagram မြို့နယ်၊ Amir Shirts' အထည်ချုပ်စက်ရုံမှ ဖြစ်ကြောင်း Dhaka Tribune သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။
အလုပ်သမား ၁၇၀၀ ခန့်ရှိသည့် အဆိုပါစက်ရုံမှ အလုပ်သမားများမှာ ငလျှင်လှုပ်ချိန်တွင် အလျှင်အမြန် တိုးဝှေ့ပြီး စက်ရုံအတွင်းမှ အတင်း ထွက်ပြေးကြရာမှ ယခုကဲ့သို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလာသတင်းများတွင် ဖော်ပြသည်။
ဒဏ်ရာရရှိသူများကို ရဲနှင့်
မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်ပြီး ကူမီလာ ဆေးရုံအပါအဝင် တခြား ဆေးရုံးများကို
ပို့ဆောင်ခဲ့ရပြီး ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးအလုပ်သမား ၃ ဦးကို ကူမီလာ
ဆေးတက္ကသိုလ်သို့ ပို့ဆောင်ခဲ့ရသည်ဟု
ဆိုသည်။
ယနေ့နံက ၉ နာရီ ၃၅ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျှင်မှာ ပြင်းအားမှာ ၅ ဒသမ ၆ ရှိပြီး မြို့တော် ဒါကာအပါအဝင် ကူမီလာ၊ ရာရှားဟီ၊ ဆီးလတ်နှင့် နိုင်ငံတစ်ဝန်းရှိ တခြား ဒေသများတွင်လည်း ငလျှင်လှုပ်ခတ် မှုကို ခံစားခဲ့ရသည်ဟု သိရှိရသည်။
အလယ်အလတ်ငလျင်သည် စနေနေ့နံနက်က ဒါကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အခြားဒေသများတွင် လှုပ်ခတ်သွားခဲ့ပြီး ပြင်းထန်သော လှုပ်ခတ်မှုအထိ ခံစားရသော လူများအကြား အထိတ်တလန့်ဖြစ်စေခဲ့သည်။
ယင်းကြောင့်
ယခုနှစ်အတွင်း ဒါကာနှင့် နိုင်ငံအတွင်းရှိ အခြားနေရာများတွင် အနည်းဆုံး ငလျင်
ခုနစ်ကြိမ် လှုပ်ခတ်ခဲ့သည်။ ငလျင်အများစု၏
ဗဟိုချက်မှာ ဒါကာအနီးတွင်ရှိသည်။ (NN-14)
Photo-Dhaka Tribune