သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မောင်တောကို AA ထိုးစစ်ဆင်တိုက်ခိုက်မည့်သတင်းကြောင့် နခခ(၅)မှ စစ်အရာရှိကြီးများ စစ်ရေယာဉ်ဖြင့် စစ်တွေသို့ ထွက်‌ပြေးသွားကြပြီဟု သတင်းများထွက်ပေါ် နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3k

နောင်မင်းသူ၊ နိရဉ္စရာ၊ဇွန် ၁၃ /၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့အား  အာရက္ခတပ်တော်မှ များမကြာမီ ထိုးစစ်ဆင် တိုက်ခိုက်တော့မည့် ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်  နယ်ခြားစောင့်တပ်ဖွဲ့ခွဲ  နခခ(၅)မှ စစ်အရာရှိကြီးများသည်  ဇွန် ၁၂ ရက်ည အချိန်၌ စစ်ရေယာဉ်ဖြင့် စစ်တွေသို့ ထွက်‌ပြေးသွားခဲ့ကြပြီဟု  သတင်းများ ထွက်ပေါ်လျှက်ရှိနေသည်ဟု ဒေသခံတွေများမှ တဆင့် သိရှိရသည်။

"မနေ့က ညနေမှာ မောင်တောချောင်းဝ ကို စစ်နေဗီတစ်စီးလာဆိုက်ကပ်တယ်။ ပြည်သူတွေ လိုက်ခွင့် ရမလားလို့ POE ဆိပ်ကမ်းကို ဆင်းကြည့်ကြတယ်။ ဘယ်သူမှလိုက်ခွင့်မရကြဘူး။ ညဉ့်ချိန်မှာ နခခ(၅)က လူစီးကား ၁၀ စီးလောက် ဘုတ်ဆိပ်ကိုဆင်းသွားကြတယ်။ နေဗီလည်းညသန်‌‌ ခေါင်မှာ ထွက်သွားတယ်။ နခခ(၅)က စစ်အရာရှိအများစု နေဗီနဲ့စစ်တွေကို လိုက်ပါသွားကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်" ဟု မောင်တောဒေသခံ တစ်ဦးက ပြောဆိုသည်။

အာရက္ခတပ်တော် (AA)သည် မောင်တောတောင်ပိုင်းမှ စစ်ကောင်စီ နယ်ခြားစောင့်စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်လာနေပြီး ဇွန်လ ၁၂ ရက် ညတွင် အလယ်သံကျော်စခန်းကြီးအား ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။

၎င်းနောက် မောင်တောမြို့ တောင်ဘက်ရှိ နားခေါင်းတိုစခန်းနှင့် ပဒင်းစခန်းများအား ဇွန်လ ၁၃ ရက်နေ့ နံနက် စောစောမှစပြီး ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောမြို့ အား ၀ိုင်းရံထားသော စစ်ကောင်စီ စစ်စခန်းများအား အေအေမှ တစ်ခုပြီး တစ်ခုသ ိမ်းပိုက်လာနေပြီးများ မကြာမီ မောင်တောမြို့ပေါ်အား ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်လာနိုင်သည့် အခြေအနေ ရှိနေသည့်  အတွက် နခခ(၅)မှအရာရှိကြီး အချို့  အရေးကြီးသည့် စာရွက်စာတန်းများကို ယူဆောင်ပြီး နေဗီဖြင့် စစ်တွေသို့ထွက်ပြေးသွားကြသည်မှာ ဖြစ်နိုင်ခြေများကြောင်း စစ်ရေးလေ့လာသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

"အေအေ ထိုးစစ်က မောင်တောမြို့ အနီးထိ‌ရောက်လာ‌နေပြီ။ နားခေါင်းတိုနဲ့ ပဒင်း စခန်းပြီးယင် မကျည်းချောင်းစခန်းနဲ့ ချောင်းတစ်ဖက်က မောင်နီစခန်း ဆိုရင် မြို့တွင်းကို ရောက်ပြီ။ ထိုးစစ်က နခခ(၅)ကို ဦးလှည့်လာနေတယ်။ အဲဒါကြောင့် မနေ့ညက စစ်အရာရှိ တွေ နေဗီနဲ့ လိုက်ပါသွားကြတာ ဖြစ်နိုင်ခြေများတယ်”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိမောင်တော၌ စစ်ကောင်စီလက်ကျန်စခန်းကြီးမှာ ၄ မိုင်အခြေစိုက် နယ်ခြားစောင့် တပ်ဖွဲ့ခွဲ နခခ(၂)၏ ကာကင်းများကို အေအေက သိမ်းပိုက်ထားပြီး လက်ရှိ နခခ (၂) စခန်းအချို့နှင့်  မြို့သူကြီး အခြေစိုက် နခခ(၅)စခန်းကြီး ၂ ခုသာကျန်ရှိတော့သည်။ ကျန် စခန်းများမှာ စခန်းငယ်များဖြစ်ကြသည့် မကျည်းချောင်း ချောင်းဝစခန်းနှင့် မောင်နီချောင်းဝ စခန်း ၂ ခုသာကျန်ရှိတောကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ် သတင်းများ