သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့တွင် ပညာရေးဌာနမှလွဲပြီး တခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးရုံးတက်ခိုင်းနေ၍ အခက်တွေ့နေကြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 344

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၁၇/ ၂၀၂၄

 

အမ်းမြို့ အနီးဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော်လည်း အမ်းမြို့ပေါ်တွင် ပညာရေးဌာနမှ ဆရာ ဆရာမများက လွှဲပြီး ကျန်ဌာနဆိုင်ရာ ဝန်ထမ်းများကို  စစ်ကောင်စီမှ အတင်းအကျပ် ရုံးတက်ခိုင်းထား ဝန်ထမ်းများ အခက်အခဲ ကြုံနေကြရသည်ဟု တင်းရရှိသည်။


ဝန်ထမ်းတစ်ဉီးက "စာသင်ကျောင်းတွေကိုတော့ စက်တင်ဘာလ နောက်ဆုံးအပတ်စပြီး ယနေ့ထိ ပိတ်ထားလိုက်တယ်ကျန်ဌာနတွေနဲ့  ပညာရေးမှူးရုံးကိုတော့မပိတ်ဘူး။ ရုံးမတက်တဲ့ဝန်ထမ်းတွေကို အာဏာဖဆန်မှုနဲ့ ဖမ်းမယ်ို့ စစ်ကောင်စီနဲ့  ထွေအုပ်ကအမိန့်ထုတ်ထားပါတယ်။ အဲဒါကို ကြောက်ပြီး အကုန်းလုံး ဝန်ထမ်းတွေက ရုံးတက်နေရတယ်။ တိုက်ပွဲကလည်းအမ်းမြို့ပတ်လည်မှာ ဖြစ်နေတယ်။ လေယဉ်ကလည်း နေ့ရောညပါဗုံးကြဲနေတယ်။ ဒီလောက်အသက်အန္တရာယ်ရှိတဲ့ ကြားကရုံးတွေကို မပိတ်ဘဲ ရုံးတက်နေရတော့ နေ့တိုင်းစိုးရိမ်စိတ်နဲ့  အလုပ်လုပ်နေရပါတယ်"ဟု ပြောဆိုသည်။

 

တိုက်ပွဲများ ပြင်းထန်လာသဖြင့် က်တင်ဘာ နောက်ဆုံးအပတ်မှစ၍ အမ်းမြို့ပေါ် အပါအဝင် မြို့နယ် တစ်ခုလုံးတွင် စာသင်ကျောင်းများကို ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော် လိုသည့် ပညာရေး န်ထမ်းတစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

 

အမ်းမြို့တွင် သစ်တောရုံး၊ လဝကရုံး၊ အခွန်ရုံး၊ လေဘာရုံး၊ လူကယ်ပြန်ရုံး၊ လျှပ်စစ် (EPC)ရုံး၊ စီမံကိန်း ရေးဆွဲရေးရုံး၊ စည်ပင်ရုံး၊ သမဝါယာမရုံး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးရုံး၊ ထွေအုပ်ရုံး၊ စာရင်းစစ်ရုံး၊ ကျန်းမာရေးဌာန၊ ပညာရေးရုံးနှင့် ဆောက်လုပ်ရေးရုံးတို့ရှိကြသည်ဟု ၎င်းက ပြောသည်။

 

အမ်းမြို့တွင် တိုက်ပွဲပြင်းထန်လာသည်ကြောင့် အောက်ခြေဝန်ထမ်းအချို့ ထွက်ပြေးမူများ ရှိနေပြီး တစ်ချို့ ဝန်ထမ်းများမှာ စစ်ကောင်စီ ဂိတ်တွင် အဖမ်းခံရပြီးရှိနေသည်ဟု ဒေသခံများက ြောကြားသည်။

 

ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်နေပြီး အမြောက်သံ၊ ဗုံးသံများ ဆူညံနေသော်လည်း အစိုးရ ရုံးများကို မပိတ်ဘဲ စစ်ကောင်စီက ဌာနဆိုင်ရာ ဝန်ထမ်းများအား ရုံးတက်ခိုင်းခြင်းမှာ ဝန်ထမ်းများအား လူသားဒိုင်းကာအဖြစ် အသုံးချနေခြင်းနှင့် တူသည်ဟု ဝန်ထမ်းမိသားစုဝင် တစ်ဦးက ဝေဖန်ပြောဆိုသည်။

 

အာရက္ခတပ်တော် (AA)သည် စစ်ရေးအရ လက်ရှိ အမ်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အနိုင်ရနေပြီး အမ်းမြို့အနီးသို့ ချဉ်းကပ်လာနေပြီဖြစ်ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ( နပခ)ကို များမကြာမီ ထိုးစစ်ဆင်လာနိုင်သဖြင့် အမ်းဒေသခံများမှာ မြို့ကို စွန့်ခွာ ထွက်ပြေးနေကြသည်ဟု ဒေသခံများက ပြောကြားသည်။  

 

၎င်းပြင် စစ်ကောင်စီတပ်သည် အမ်းမြို့ကို လက်လွှတ်ရမည့် အခြေအနေကို သိနေသောကြောင့် နပခဌာနချုပ်နင့် တခြားတပ် မိသားစုများကို ပြည်မဖက်သို့ မကြာသေးမီ အချိန် ရွှေ့ပြောင်းထားပြီး တခြားဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများကိုတော့ အမ်းမြို့တွင် ထွက်ခွာခွင့် မပြုဘဲ ပိတ်ထားမှု အပေါ် မကျေနပ်ချက်များရှိနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ