သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင်အခြေခံပညာကျောင်းများဖွင့်လှစ်ရေးအတွက် ပြင်ဆင်မှုပြုလုပ်ရန်ညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1k

သဉ္စာနွယ်

နိရဉ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၁

 

ရခိုင်ပြည်နယ်ရှိ အခြေခံပညာသင်ကျောင်းများ (ထက်၊လယ်၊မူ) ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် စာသင်ကျောင်းများကို ဥပတိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်းများ သန့်ရှင်းရေး၊ ဆရာ ဆရာမများ ကျောင်းတွင် ရောက်ရှိရေးတို့အတွက် ညွှန်ကြားထားပြီဖြစ်ကြောင်း သတင်းရရှိသည်။


ရသေ့တောင်မြို့နယ် ပညာရေးမှူး ဦးထွန်းရွှေက အောက်တိုဘာ ၂၇ ရက်နေ့စွဲဖြင့် မြို့နယ်အတွင်းရှိ ထက်လယ် မူ ကျောင်းအုပ်ဆရာကြီးများသို့ ညွှန်ကြားစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ရာတွင် ထိုသို့ ဖော်ပြထားသည်။

 

၎င်းထုတ်ပြန်စာတွင် ကျောင်းများ မကြာမ ဖွင့်လှစ်တော့မည် ဖြစ်ပါ၍ အခြေ ခံပညာရေးကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းစာသင်ခန်းများ သန့်ရှင်း သာယာရေး၊ ဆရာ/ဆရာမများ မိမိကျောင်းတွင် အဆင်သင့်ရောက်ရှိစေရေး၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ စီမံကြီးကြပ် ကြရန်နှင့် ပျက်ကွက်မှုတစ်စုံတစ်ရာ မရှိစေရေး အလေးထားဆောင်ရွက်ကြရန်ဟု ပါရှိသည်။


အဆိုပါ ကျောင်းများ များမကြာမီဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး ကျာက် ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ကျောင်းဖွင့်ရေးနှင့် ပတ်သက်ပြီး အထက်က ညွှန်ကြားစာ ထုတ်ထားသည်ဟု ပြောဆိုသည်။


"ကျမတို့ကို ကျောင်းဖွင့်ဖို့တော့ အထက်ကတော့ စာထုတ်ထားတာရှိပါတယ်။ ကျောင်းတွေကို သန့်ရှင်းရေးတွေနဲ့ ကြိုတင်ပြင်ဆင်တာတွေလုပ်ထားတာမျိုးရှိပါတယ်။ကျောင်းဖွင့်ရင် ကိုဗစ်စည်းကမ်းနဲ့ အညီ ဖွင့်ဖြစ်မယ်ထင်ပါတယ်။ ဒီရောဂါက တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တာဆိုတော့"ဟုပြောသည်။

ယခုကဲ့သို့ မြို့နယ် တိုင်းတွင် ပညာရေးဝန်ထမ်းများအတွက် ညွှန်ကြားချက်များထွက်လာပြီဖြစ်သဖြင့် ဆရာ ဆရာမများမှာ တာဝန်ထမ်းဆောင်မည့် ကျောင်းအသီးသီးသို့ထက်ခွာရန် ပြင်ဆင်နေကြပြီဟု သိရသည်။


ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ပြင်ဆိပ် လ(ခွဲ)ကျောင်းမှဆရာမဒေါ်ခင်ချိုဝင်းက  "ကျောင်းတက်ဖို့ တော့ ညွှန်ကြားချက်တွေရောက်နေပါတယ်။ ကျောင်းတွေကို သန့်ရှင်းဖို့၊ သပ်သပ်ရပ်ရပ် ဥပတိ ကောင်းအောင် လုပ်ထားဖို့။ များမကြာမီ ကျောင်းဖွင့်နိုင်တဲ့ အနေအထားရှိတယ်ဆိုပြီး မြို့နယ် ပညာရေးမှူးရုံးက ညွှန်ကြားထားတာတော့ ရောက်နေပါပြီဟု ပြောကြားသည်။  


မြန်မာတစ်နိုင်လုံးရှိ အခြေ ခံပညာကျောင်းများကို ကိုဗစ်ကပ်ရောဂါကြောင့် ဇူလှိုင် ၉ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၃၁ ရက်နေ့ အထိ ယာယီပိတ်ထားသည်ဟု သိရသည်။ 

ဆက်စပ် သတင်းများ