သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.7k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၃၁/၂၀၂၂
မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်လည်း စာစစ်ဌာန ၁၂၈ ခုတွင် ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုနေကြပြီဖြစ်သည်။
ရခိုင်ပြည်နယ်မှ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၅,၅၉၂ ဦးရှိပြီး ထိုအထဲတွင် မသန်စွမ်းဦးရေ ၆ ဦးနှင့် ဆေးရုံတွင်ဖြေဆိုမည့်သူ ၁ ဦးပါကြောင်းလည်း သိရသည်။
လုံခြုံရေးအခြေအနေကြောင့် ရခိုင်မှ စာစစ်ဌာန ၂ဝ ကို မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုနေရသည်ဟု သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့မှစတင်ကာ လာမည့်ဧပြီလ ၉ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။
ဓာတ်ပုံ - ဇော်ဝင်းအောင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ