သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် ဆရာဆရာမအပြောင်းအရွှေ့လုပ်ပြီးနောက် ကျောင်းအချို့တွင် ဆရာဆရာမလစ်လပ်သွား၍ ပညာသင်ကြားရေးအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k

နိရဉ္စရာ ၊ သြဂုတ် ၂၅/၂၀၂၂

ရခိုင်ပြည်နယ်တွင်( ထက်၊  လယ်၊ မူ) ဆရာ/ဆရာမ အပြောင်းအရွှေ့လုပ်နေရာ တချို့ကျောင်းများတွင် ဆရာ ဆရာမဦးရေ လစ်လပ် လျော့နည်းသွားသဖြင့် ပညာသင်ကြားရန် အခက်အခဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ညောင်ပင်လှကျေးရွာ ထက်တန်းကျောင်းတွင်  အလယ်တန်းပြဆရာ ဆရာမ ၆ ဦးရှိရာတွင် ၅ ဦး ရာထူးတိုးနှင့် ပြောင်းရွှေ့သွားသဖြင့် ဆရာတစ်ဦးသာကျန်ရှိတော့သည်ဟု သိရသည်။  

အထက်တန်းအဆင့်တွင် ကျောင်းသား ၅၄ ယောက် ကျောင်းဆရာ ၅ဦးရှိပြီး အလယ်တန်းအဆင့်တွင်  ကျောင်းသား ၁၉၆ တွင် လက်ရှိ ဆရာက တစ်တည်းဦးတည်းသာ ကျန်ရှိတော့သည်ဟု ညောင်ပင်လှ အထကကျောင်းအုပ်ကြီး ဦးခင်မောင်ချိုက ပြောသည်။

''  အလပြအတွက် ကျောင်းဆရာ ခွဲဝေမှုက ၉ ယောက်ရှိရပါမယ်။ အခုက ၆ယောက်ပဲရှိပါတယ်။ အဲ့ဒီ ၆ ယောက်က တခါ  အခု ၅ ယောက်က ရာထူးတိုးနဲ့ပြောင်းသွားပြီ။ တစ်ယောက်ပဲ ကျန်တယ်။ အပြောင်းပါတဲ့ဆရာတွေက နောက်အပတ်ကြရင် အကုန်ပြောင်း ကြတော့မှာဆိုတော့  အဲဒီ ကျန်တဲ့ဆရာတစ်ယောက်နဲ့ နောက်အပတ်ကျရင် ဘယ်လိုမှ သင်ကြားပြသနိုင်တော့မှာ မဟုတ်တော့ပါဘူး ' ဟု ပြောသည်။

သို့အတွက် လိုအပ်သည့် ဆရာအရေအတွက်ကို  ပြည်နယ် ပညာရေးမှူးရုံးအနေဖြင့် အမြန်ဆုံး စီစဉ်ပေးရန်လိုပြီး လိုအပ်သည့် ဆရာအရေအတွက်ကို  ြို့နယ်၊ ခရိုင်၊ ပြည်နယ်ပညာရေးမှူးရုံး ထိ အဆင့်ဆင့်သို့ တင်ပြပြီး တောင်းခံသွားမည်ဟုလည်း ဦးခင်မောင်ချိုက ပြောသည်။

လက်ရှိတွင် ညောင်ပင်လှ အထကတွင် အထက်တန်းကျောင်းသား ကျောင်းသူ ၅၄ ဦး၊ အလယ်တန်းတွင် ကျောင်းသား ကျောင်းသူ ၁၉၆ ဦးနှင့် မူလတန်းတွင် ကျောင်းသား ကျောင်းသူ ၁၅၆ ဦး၊ စုစုပေါင်း (၄၀၆) ဦးရှိပြီး ဆရာဆရာမ မှာ အထက်တန်း၌ ၅ ဦး၊ အလယ်တန်း ၌ ၁ ဦးနှင့် မူလတန်းတွင် ၅ ဦး စုစုပေါင်း ဆရာဆရာမအင်အား (၁၁)ဦးသာ ရှိကြောင်း သိရသည်။

ဆရာ ဆရာမ ၁၁ ယောက်ဖြင့် ကျောင်းသား ၄၀၆ ဦးကို ပညာသင်ကြားရန်မှာ မလွယ်ကူသဖြင့် သင်ကြားပြသရာတွင် အခက်အခဲများရှိနေကြောင်းသိရသည်။ (NN-16)

ဆက်စပ် သတင်းများ