- Web Master
- ၁၉ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ BXT ကိုရီးယားဆိပ်ကမ်းတွင် ဖမ်းဆီးခံခဲ့ရသည့် လူပေါင်း (၅၃) ဦးအထဲမှ ကျောင်းသား ၂ ဦးနှင့် ကျောင်းဆရာမ ၂ဦးကို ပြန်လွှတ်ပေးပြီး ကျန်လူ (၄၉) ဦးကို ပုဒ်မ ၆(၁)ဖြင့် တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။
၎င်းတို့ကို
ယနေ့ဒီဇင်ဘာ ၁၅ရက်နေ့တွင်
ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး
"သူတို့က(စကစ) ဘာစွဲချက်နဲ့မှ အမှုဖွင့်မရလို့ ပုဒ်မ၆(၁)နဲ့ တရားစွဲလိုက်တာ။ မတတ်နိုင်ဘူးလေ။ သူတို့ လုပ်သလိုခံရမှာဘဲ။ သူတို့ကဆင်းရဲလို့ သမ္ဗာန်လှေတွေနဲ့ လူတင်လူချပို့နေတဲ့သူတွေပါ။ စိတ်တော့ မကောင်းဘူးပေါ့" ဟု ပြောသည်။
နိုင်ငံပိုင်ပစ္စည်းအားအလွဲအသုံ
စစ်တွေမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂နာရီကျော်အချိန်ခန့်က စစ်တွေမြို့၊ BXT ကိုးရီးယား ဆိပ်ကမ်း၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေများမှ လုပ်သားများ အပါအဝင် အမျိုးသမီး၊ အမျိုးသားများပါဝင်သော အရပ်သားပြည်သူစုစုပေါင်း (၅၃) ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါက်တောမြို့နယ် ကျေးရွာများသို့ ခရီးသည်များနှင့် ရိက္ခာများ ပို့ဆောင်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာကုန်စည်စီးဆင်းမှုကို ခွင့်ပြုထားကြောင်း ပြောဆိုသော်လည်း လက်တွေ့တွင် စားသုံးကုန်များပြတ်လပ်နေသော နယ်ကျေးရွာများကို ကုန်ပစ္စည်းများကို ပို့ဆောင်နေသည့် သာမာန် လက်လုပ်လက်စားများကို ဖမ်းဆီးပြီး ထောင်ချရန် ဆောင်ရွက်လာခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးသွားပြီးနောက် ၎င်းတို့အား စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားကာ ဒီဇင်ဘာလ ၁၃ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။
ရုံးထုတ်ပြီးနောက် ကျောင်းပိတ်၍
နေရပ်ပြန်သည့် အထက်တန်း ကျောင်းသား ၂ ဦး၊ ကျောင်းဆရာ၊မ ၂ဦး စုစုပေါင်း
၄ဦးတို့မှာ ယမန်နေ့ဒီဇင်ဘာလ ၁၄ရက်၊ နံနက် ၁၀နာရီကျော်အချိန်က
ခံဝန်လက်မှတ်ဖြင့် ပြန်လွတ်ပေးခဲ့ပြီး ကျန်လူများကို
တရားစွဲဆိုခဲ့သည်။(NN-12) ဓာတ်ပုံ- APM