- Web Master
- ၁၉ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်၊
စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျောင်းဆရာတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ယနေ့ ဇန်နဝါရီလ ၁၆ ရက် ည ၇ နာရီခန့်တွင် ကံ့ကော်ကျွန်း နှင့် ဇော်မတတ်ကျေးရွာအကြား တပ်စွဲနေသည့်စစ်ကောင်စီတပ်က ပစ်ခတ်သည့်
လက်နက်ကြီးကျည်သည် ဝါဘိုကျေးရွာသို့
ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဝါဘိုရွာမှ အမျိုးသမီးကြီး တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ရွာမှာ မပြေးဘဲကျန်ခဲ့တဲ့
လူငယ်တွေစကားထိုင်ပြောနေချိန် လက်နက်ကြီး လာကျတာပါ။ နှစ်ယောက် ဒဏ်ရာရတယ်။ ကျောင်းဆရာလေးတစ်ယောက်ကတော့
ပေါင်ပိုင်းရမယ် ပြောပါတယ်"ဟု
ပြောသည်။
ဒဏ်ရာရရှိသူများမှာ ကိုကျော်မိုးထွန်းနှင့် ကျောင်းဆရာကိုစောဝင်းမောင် ဖြစ်
" အခုလိုအချိန်မှာ ဆေးရုံဆေးခန်းလည်း သွားလို့မရဘူး။ရွာမှာလည်း လူနည်းနည်းပဲ
ကျန်ခဲ့တာ။ အကုန်ပြေးနေကြရတာဆိုတော့
သူတို့ အခြေအနေကိုလည်း
စိုးရိမ်မိပါတယ်"ဟု သူမက ဆက်ပြောသည်။
ရခိုင်တွင်
စစ်ပွဲအရှုံးများဖြင့် ဆက်တိုင် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ရခိုင် အရပ်သားပြည်သူများအား
ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှု၊
လေကြောင်းမှ ဗုံးကြဲမှုများကို ဆက်တိုက် လုပ်ဆောင်နေသည့်အတွက် နေ့စဉ်
အရပ်သား ထိခိုက် သေဆုံးမှုများ ရှိနေကြော
(ဓာတ်ပုံ- ပေးပို့)