- Web Master
- ၁၉ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည် ၊စစ်တွေမြို့နယ်၊
ပါဒလိပ်ကျေးရွာအတွင်းစစ် ကောင်စီမှပစ်ခတ်လိုက်သော လက်နက်ကြီးကျ၍
စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ဖြေဆိုနေသည့် ကျောင်းသားတစ်ဦးနှင့်
ကျောင်းသူတစ်ဦးဒဏ်ရာရရှိကြောင်း
စစ်တွေမြို့နယ်၊ ပါဒလိတ်
အမှတ် (၇)အခြေ ခံ ပညာအထက်တန်းကျောင်းအနီး ကို ယနေ့ မတ် လ ၁၁ ရက်နေ့ နေ့လယ် ၁၂နာရီ
အချိန်ခန့်က လက်နက်ကြီးကျည်တစ်လုံးကျရောက်ခဲ့
" ပစ်တာက
နေဗီကလား၊ တပ်ကလားမသိဘူး။ ကျောင်းနဲ့ ပေ၃၀ အကွာမှာကျတာ ပြတင်းပေါက်မှန်ကို ဖေါက်ပြီး ဝင်သွားတယ်။ စာမေးပွဲအချိန်
စေ့လို့ ခေါင်းလောင်းထိုး
နေတဲ့အချိန် သူတို့ကအခန်းထဲက မထွက်သေးဘူး'
ဟုပြောသည်။
ကျောင်းသူတွင်
နဖူးတွင်ဒဏ်ရာရရှိပြီး ကျောင်းသားထံတွင် ခါးနားတွင်ဒဏ်ရာရရှိသွားသည်ဟု
စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
" မိန်းကလေး
နဖူးကွဲတယ်။ ယောက်ျားလေးက မိန်းကလေးထက်ဒဏ်ရာပိုများတယ်။ သူတို့ မိဘတွေက စစ်တွေမြို့ပေါ်မှာ
ထပ်ဖြေခွင့်တောင်းတယ်တဲ့ " ဟုပြောသည်။
ထိခိုက်ရရှိသူများကို
စစ်ကောင်စီ၏နယ်မြေခံ တပ်ဆေးရုံ ကုတင်(၁၀၀)သို့ ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကို
ရက္ခိုင့်တပ်တော်(AA)မှပစ်ခတ်ခြ
ပါဒလိတ်ကျေးရွာအနီးတွင်
စစ်ကောင်စီ၏ ၂၃၂
တပ်အပါအဝင် ၃၄၄ တပ်နှင့် ပညာရေး(၁ဝ) လေ့ကျင့်ရေးတပ်များရှိသည်။
စနစ်သစ်
တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့မတ်လ ၁၁ရက်နေ့မှ ၁၉ ရက်နေ့ထိ မြန်မာနိုင်ငံတွင်
စတင်ကျင်းပနေကြောင်းသိရသည်။( NN-11)