- Web Master
- ၁၉ စက်တင်ဘာ ၂၀၂၄
မောင်စာဂ၊ နိရဥ္စရာ၊
မေ ၂၅/ ၂၀၂၄
ရခိုင်ပြည်နယ်၊
စစ်တွေမြို့မှ စစ်ဘေးရှောင်ရန် တိတ်တဆိတ်ထွက်ခွာလာသည့်
ဒေသခံ အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးသည်
စစ်ကောင်စီထံ
ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
ဖမ်းဆီးခံလိုက်ရသူများမှာ
စစ်တွေမြို့နယ်၊ ပိုက်ဆိပ်ကျေးရွာမှ လှေသမား ဦးမောင်မြဝင်း (၄၅)နှစ်၊
စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာမှ ဦးမောင်သန်းလှ (၃၃)နှစ်နှင့်
ဒေါ်စိုးစိုး (၃၆)နှစ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာမှ ဒေါ်မမခင် (၄၃)နှစ်တို့ဖြစ်ကြသည်။
သူတို့သည်
မေလ ၂၄ ရက်၊ ည ၁၁ နာရီခန့်တွင် စစ်တွေမြို့မှတဆင့် စစ်ဘေးရှောင်ရန် ထွက်ခွာလာကြ
"သူတို့က စစ်တွေကနေ ပါဒလိပ်ကို ကားတစ်တန်၊
ဆိုင်ကယ်တစ်တန်နဲ့လာတာပါ။ ပါဒလိပ်ကနေ
ပါဒလိပ်ဆိပ်ကမ်းကို
ခြေနဲ့လမ်းလျှောက်သွားချိန်မှာ အဖမ်းခံလိုက်ရတာပါ"ဟု ပြောသည်။
သူတို့ကို
မည်သည့်နေရာသို့ခေါ်ဆောင်သွား
AA ဝင်ရောက်သိမ်းမည်ကိုကြောက်လန့်၍ စစ်တွေမြို့ကို
အကြီးမားဆုံးခံတပ်မြို့အဖြစ် စစ်ကောင်စီက ပြင်ဆင်ထားပြီး လေကြောင်းလမ်းမှအပ မြို့ဝင်မြို့ထွက် လမ်းကြောင်းမျ
မြို့အဝင်အထွက်ဂိတ်များရှိ ကုန်းလမ်းများတွင်
မြေမြှုပ်မိုင်းများနှင့် ရေလမ်းများတွင် ရေမြှုပ်မိုင်းများကို
ထောင်ထားသည်ဟုလည်း သိရသည်။
လက်ရှိတွင်
စစ်တွေမြို့၌ AA နှင့်
စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားမည်ကို