တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများကြောင့် သေဆုံးသူ (၃၂)ဦးအထိ ရှိလာပြီး လူပေါင်း ရာနှင့်ချီ ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

(နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနပိုင် အဆောက်အအုံကို ကျောင်းသားများ မီးရှို့)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၉/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြပွဲများနှင့် အကြမ်းဖက်မှုများ မြင့်တက်ခဲ့ရာ ဇူလိုင်လ(၁၈)ရက်အထိ သေဆုံးသူ (၃၂)ဦးအထိ ရှိလာပြီး လူပေါင်း ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်တွင်နိုင်ငံအနှံ့ ဆန္ဒပြပွဲများ၊ အကြမ်းဖက်မှုများ ဆက်လက် မြင့်တက်လာခဲ့ပြီး ဇူလိုင်လ(၁၈)ရက်တွင် လူ (၁၃) ဦး သေဆုံးခဲ့ရာ ယခုသီတင်းပတ်အတွင်းသေဆုံးသူ (၃၂) ဦးထက်မနည်း ထိရှိလာကြောင်း India TV ကသတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကိုတာ စနစ်ဖြင့် အစိုးရအလုပ်ခွဲတမ်း သတ်မှတ်ပေးသည့် မူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အတွင်း အကြမ်းဖက်မှုများဖြစ်ပွားခဲ ရာ ဇူလိုင်(၁၈)ရက်နေ့သည် အဆိုးရွားဆုံးနေ့ဖြစ်ပြီး ဒါကာတွင် နောက်ထပ် လူ (၁၃) ဦး သေဆုံးခဲ့သည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ ကို ငြိမ်သက်သွားရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနပိုင် အဆောက်အအုံ တစ်ခုကို ကျောင်းသားများက မီးရှို့လိုက်သည့်အတွက် ဇူလိုင်(၁၈)ရက် နေ့တွင် အကြမ်းဖက်မှုများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။


သေဆုံးခဲ့ရသူများတွင် ရင်ဘတ်တွင် ကျည်ဆန် ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည့် ဘတ်စ်ကားယာဉ်မောင်းတစ်ဦး၊ ဆိုက်ကား(လန်ချား)ဆွဲသူနှင့် ကျောင်းသားသုံးဦးတို့ ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူများက ရိုက်တာသတင်းသို့ ပြောကြားခဲ့သည်။

ဇူလိုင်(၁၈)ရက် တစ်ရက်တည်းသေဆုံးသူအများဆုံးဖြစ်ရပ် အပါအ၀င် ယခုသီတင်းပတ်အတွင်း လူပေါင်း (၃၂)ဦးထက်မနည်း သေဆုံးခဲ့ရသည့် မငြိမ်မသက်မှုများကို နှိမ်နင်းရန် အတွက် အာဏာပိုင်များက မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုအချို့ကို ဖြတ်တောက်ခဲ့သည်ဟုဆိုသည်။

ဆန္ဒပြလူအုပ်စုကြီးသည် မော်တော်ယာဉ်များ၊ ရဲကင်းစခန်းများနှင့် အခြားအဆောက်အအုံများကို မီးရှို့ဖျက်ဆီး နေခြင်း ကို ရဲများက မျက်ရည်ယိုဗုံးနှင့် ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့ရာ လူပေါင်း ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ရွေးကောက်ပွဲတွင်တဖန် ပြန်လည် ရွေးကောက်ခံခဲ့ရပြီးနောက်ပိုင်း လူငယ်များကြား အလုပ်လက်မဲ့မြင့်မားလာမှုကို အကြီးအကျယ် ရင်ဆိုင်နေရသည်။

ယခုကဲ့သို့တစ်နိုင်ငံလုံးတွင် အကြီးမားဆုံး ဆန္ဒပြမှုနှင့် အကြမ်းမှုများ ဖြစ်ပွားရခြင်းသည် လူငယ်များ အလုပ်လက်မဲ့ မြင့်မားမှုကြောင့် ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး နိုင်ငံ၏လူဦးရေ သန်း( ၁၇၀ )၏ ငါးပုံတစ်ပုံနီးပါးသည် အလုပ်လက်မဲ့ဖြစ်နေရခြင်း နှင့် ပညာရေးသင်ယူမှု အခွင့်အလမ်းများ မရရှိမှုများနှင့် အကြီးအကျယ်ရင်ဆိုင်ကြုံတွေ့နေရသည်။

ထို့အပြင် ဆန္ဒပြသူများသည် ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ လွတ်လပ်ရေးအတွက် စစ်ပွဲတွင် ပါ၀င် တိုက်ပွဲဝင်ခဲ့ကြသည့် မိသားစုများအတွက် အစိုးရအလုပ်များ၏ ၃၀ ရာခိုင်နှုန်းသော အလုပ် နေရာများကို ပေးအပ်ရန် အစိုးရအား တောင်းဆိုလျက်ရှိနေကြောင်း သိရသည်။ Source/India TV and Photo by Somoy News

ဆက်စပ် သတင်းများ