သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အိန္ဒိယတွင် ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစကလေးငယ်လေးဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ နိုဝင်ဘာ ၉/၂၀၂၁ (နိုင်ငံတကာ)

အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့(တနင်္လာနေ့ နှောင်းပိုင်း)က မီးလောင်မှုတစ်ခုအတွင်း အစိုးရဆေးရုံတစ်ခုမှ မွေးကင်းစကလေးငယ် လေးဦးသေဆုံးသွားခဲ့သည်။

မဒ္ဒရာပရာဒက်ရှ်ပြည်နယ်  Kamla Nehru ဆေးရုံ၏ ကလေးိန်းဌာနရှိ မွေးကင်းစကလေးငယ် ၄၀ အထဲမှ လေးဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။  

မဒ္ဒရာပရာဒက်ရှ်ပြည်နယ် Kamla Nehru ဆေးရုံရှိ အခြားမွေးကင်းစကလေးငယ်အများစုမှာ ကိုယ်အလေးချိန်မပြည့်ဘဲ မီးထိန်းနိုင်ခဲ့ပြီးနောက် အခြားရပ်ကွက်များသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း ပြည်နယ်ဆေးဘက်ဆိုင်ရာ ပညာရေးဝန်ကြီး Vishvas Kailash Sarang က  သတင်းထောက်များအား ပြောကြားခဲ့သည်။

အခြားကလေးငယ်တွေကို ကုသမှု ပေးနေပါကြောင်း ပြည်နယ် ဆေးဘက်ဆိုင်ရာ ပညာရေးဝန်ကြီး Sarang က နောက်ပိုင်းတွင် တွစ်တာတွင် ပြောကြားခဲ့ပြီး မီးလောင်မှုအား စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း ဆေးရုံမီးလောင်မှု ဖြစ်ပွားခဲ့ရာမှ အနည်းဆုံး လူပေါင်း ၇၀ခန့်  သေဆုံးခဲ့ရပြီး ယင်းသေဆုံးမှုထဲတွင် းုံးလွန်ခဲ့သည့် သီတင်းပတ်ကုန်က မဒ္ဒရာပရာဒက်ရှ်ပြည်နယ်၏  အိမ်နီးချင်း ပြည်နယ်တစ်ခု ဖြစ်သည့် မဟာရာစထရာပြည်နယ်တွင် သေဆုံးသူ  ၁၀ ဦးလည်း အပါအဝင်ဖြစ်သည်။

ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင်း၌ ဆေးရုံမီးလောင်မှုကြောင့် လူပေါင်း ဒါဇင်နှင့်ချီသော သေဆုံးခဲ့ရသည်။ .

ဆက်စပ် သတင်းများ