တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ရက်ပိုင်းအတွင်း လူနေအိမ် ၇ လုံးမီးလောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.3k

နှင်းနွယ်နီ
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၅/၂၀၂၁
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း လူနေအိမ် ၇ လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ခဲ့သော နေအိမ်များမှာ ဒီဇင်ဘာလ ၁၁ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီခန့်က အမ်းမြို့နယ် လုံးကောက်ကျေးရွာမှ လူနေအိမ် ၄ လုံး၊ ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီခန့်က စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာမှ လူနေအိမ် ၁ လုံးနှင့် ဒီဇင်ဘာလ ၁၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တော်မြို့နယ် ပုဏ္ဏားကျေးရွာမှ လူနေအိမ် ၂ လုံး၊ စုစုပေါင်း ၇ လုံးဖြစ်သည်။
အဆိုပါနေအိမ်အများစုမှာ မီးဖို၊ မီးကြွင်းမီးကျန်မှတဆင့် အနီးရှိဝါးထရံကိုကူးစက်ကာ မီးလောင်ကျွမ်းခဲ့ကြခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၃ ဦးရှိပြီး သူတို့မှာ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
ယခုအချိန်သည် ပွင့်လင်းရာသီရောက်လာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်စေရန် ရခိုင်ပြည်သူများအနေဖြင့် အထူးသတိထားကြရန်လိုသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

ဆက်စပ် သတင်းများ