သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မောင်တော စေတီပြင်ကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၂ လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဥ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုရှိ စေတီပြင်ကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၂ လုံး ဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ည ၁ဝ နာရီခွဲခန့်တွင် အဆိုပါကျေးရွာနေ အာနူရ်ရူဇာမာ၏နေအိမ် မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ နေအိမ် ၁ လုံးသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၂ လုံးပျက်စီးသွားပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ဟု သိရသည်။
လက်ရှိတွင် မီးဘေးဒုက္ခသည် ကျား(၄)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၇)ဦးတို့သည် နီးစပ်ရာ ဆွေမျိုးနေအိမ်တွင် ယာယီနေထိုင်လျက်ရှိပါသည်။
အဆိုပါမီးလောင်မှုကို မောင်တောခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၂+၁၃)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၂+၁၃)ဦး၊ စုစုပေါင်း(၄+၂၆ )ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီးနှင့်အတူ သွားရောက်ငြှိမ်းသတ်ခဲ့မှုကြောင့် ည ၁၁ နာရီခန့်တွင် မီးငြိှမ်းသွားသည်ဟု သိရသည်။
ယခုမီးလောင်မှုဖြစ်သည့်ကျေးရွာသည် မောင်တောမြို့နယ်မီးသတ်စခန်းနှင့် ကုန်းလမ်း(၂)မိုင်ခန့် ကွာဝေးသည်ဟု သိရသည်။
မီးပေါ့ဆသူ အာနူရ်ရူဇာမာသည် ထွက်ပြေးသွားသည့်အတွက် အမှုဖွင့်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့
Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ