တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ၂ လအတွင်း မီးလောင်မှုဖြစ်၍ ဆရာတော် ၁ ပါးနှင့် လူ ၃ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

(နွေရာသီ မီးသတိပြုရန် အထူးလိုအပ်နေ)

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁ /၂၀၂၃

ရခိုင်တွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့အတွင်း မီးလောင်မှုဖြစ်၍ ဆရာတော် ပါးနှင့် လူ ဦး သေဆုံးသွားကြောင်း နိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်စာရင်းအရ သိရသည်။

မီးလောင်မှုကြောင့် သေဆုံးသွားသူများမှာ ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာမှ ကိုမောင်သန်းစိုး (၃၀)နှစ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးပဏ္ဍဝ (၇၂)နှစ်နှင့် မြောက်ဦးမြို့နယ်၊ မြောင်းဘွယ်ကျေးရွာမှ ဒေါ်မစောသာ (၈၈)နှစ်နှင့် စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် မူဆလင်အမျိုးသား ၁ ဦး တို့ဖြစ်သည်။


သူတို့သည် ရခိုင်တွင် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၂ဝ ရက်အတွင်း မီးလောင်မှုဖြစ်၍ သေဆုံးသွားကြခြင်းဖြစ်သည်။

သေဆုံးသူများအနက် ကိုမောင်သန်းစိုးသည် ဖေဖော်ဝါရီလ ၁၈ ရက်၊ နာရီအချိန်က ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားရွာရှိ စျေးဆိုင်ခန်းတစ်ခုတွင် အိပ်နေစဉ် ယင်းစျေးဆိုင်ခန်းမီးလောင်စဉ် မီးထဲပါသွား၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ သံဃာဆောင်တစ်ခုတွင်လည်း ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက်က မီးလောင်မှုဖြစ်ပွား၍  လေဖြတ်ထားသည့် အသက်(၇၂)နှစ်အရွယ် ဆရာတော် ဦးပဏ္ဍဝမှာ မီးထဲပါသွားပြီး ပျံလွန်တော်မူသွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ယင်းနေ့နံနက်တွင်ပင် မြောက်ဦးမြို့နယ်၊ မြောင်းဘွယ်ကျေးရွာမှ အသက် ၈၈ နှစ်အရွယ်ရှိ ဒေါ်မစောသာသည်လည်း နေအိမ်တွင် ဆေးတံသောက်ရာမှ မီးပွားမီးစမှတဆင့် မီးလောင်မှုဖြစ်ပွားပြီး သေဆုံးခဲ့ကြောင်း သိရသည်။


စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် မူဆလင်အမျိုးသားသည် ေမကောင်းဖြစ်နေသူတစ်ဦးဖြစ်ပြီး ရွာအတွင်း မြေးငယ်လေးတစ်ဦးနှင့်နေထိုင်နေစဉ် ဇန်နဝါရီလအတွင်းက အိမ်တွင်တစ်ယောက်မျှမရှိချိန် မီးလောင်မှုဖြစ်၍ မီးထဲပါကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ခံ ဦးကျော်မောင်က နိရဥ္စရာကို ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂ဝ ရက်၊ နေ့လယ်ပိုင်းကလည်း မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာကို ပြောသည်။

"လူတွေထိခိုက်တာတော့ မရှိပါဘူး" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်တွင် လအတွင်း မီးလောင်မှုဖြစ်၍ လူ ဦးထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များနှင့် အဆောက်အအုံ ၃ဝ ခန့် မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟုလည်း သိရသည်။

ယခုကဲ့သို့ မီးလောင်မှုမကြာခဏ မဖြစ်ပွားနိုင်အောင် မည်သို့ ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေးမှုများ ဆောင်ရွက်နေသည်ကို သိရှိလို၍ ပြည်နယ်မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ "ရုံးကိုကိုယ်တိုင်လာမေးမှ အဆင်ပြေမယ်" ဟုသာ ဖြေကြားခဲ့သည်။


ခြောက်သွေ့ရာသီရောက်လာပြီဖြစ်သဖြင့် ပြည်သူများ မီးမပေါ့ဆရန်နှင့် မီးသတိထားကြရန် သက်ဆိုင်ရာ မီးသတ်ဌာနက သတိပေးမှုများ အစဉ်မပြတ် ပြုလုပ်ရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။ (NN- 23)

 

ဓာတ်ပုံ - ဖေဖော်ဝါရီ ၁၁ ရက်က ပုဏ္ဏားကျွန်းမြို့ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းအတွင်း မီးလောင်မှုဖြစ်ခဲ့စဉ်။

ဆက်စပ် သတင်းများ