သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောင်းသူ၂ဝကိုအဓမ္မပြုကျင့်မှုစွဲချက်ဖြင့် ဘင်္ဂလာဒေ့ရှ်ကျောင်းဆရာတစ်ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3.4k

နိရဥ္စရာ၊ ဇွန် ၂၈/ ၂ဝ၁၉

ဘင်္ဂလာဒေ့ရှ် ကျောင်းဆရာတစ်ဦးကို အနည်းဆုံး ကျောင်းသူ ၂ဝ ကို အဓမ္မပြုကျင့်မှု စွပ်စွဲချက်ဖြင့် အထူးရဲတပ်ဖွဲ့က Narayanganj ခရိုင် မြို့တွင် ဖမ်းဆီးလိုက်သည်။

Mizmizi Oxford High School မှ လက်ထောက် အထက်တန်းကျောင်းဆရာ Ariful Islam ကို ကြာသပတေးနေ့က အထူးရဲတပ်ဖွဲ့လက်သို့ မအပ်နှံမီ ဒေသခံများက Siddhirganj မြို့၌ သူ့အား ဖမ်းဆီး ရိုက်ပုတ်ခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြသည်။

နောက်ပိုင်းတွင် အထူးရဲတပ်ဖွဲ့က သူ့အား မကောင်းမှုကျူးလွန်သည့် စွပ်စွဲပြစ်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

စွပ်စွဲခံရသည့် ကျောင်းဆရာသည် ကျောင်းနှင့် ဒက္ကားမြို့နှင့် ကပ်ရပ်ရှိသည့် ခရိုင်အတွင်း တစ်ခြား ကျောင်းများမှ ကျောင်းသူ ၂ဝ ကို ၂ဝ၁၄ နှင့် ၂ဝ၁၉ အကြား အဓမ္မပြုကျင့်ရန် ထောင်ချောက်ဆင် လိမ်လည်လှည့်ဖျားခဲ့သည်ဟု စွပ်စွဲ ခံထားရသည်ဟု မှတ် (၁၁) အထူးမူခင်းနှိမ်နှင်းရေးတပ်ဖွဲ့  အပိုဆောင်း အကြီးတန်းရဲအရာရှိ  SP Alep Uddin က ပြောဆိုသည်။

ရဲတပ်ဖွဲ့မှ သူတို့တွင်  သက်သေအထောက်အထားများရှိသည်ဟုပြောဆိုပြီး အဆိုပါအထောက်အထားများထဲတွင် ကျောင်းဆရာ  Ariful ၏ မိုဘိုင်းဖုန်းနှင့်လက်တော့ပေါ်မှ စွပ်စွဲဖြစ်စဉ်များနှင့်အခြား "တရားမဝင်" ပစ္စည်းဓါတ်ပုံများနှင့်ဗွီဒီယိုများပါဝင်သည်ဟု ဆိုသည်။ 

သူ၏ သားကောင်ဖြစ်ခဲ့ရသည့် ကျောင်းသူများမှာ ၅ တန်းမှ ၁၂ တန်းထိ ဖြစ်ပြီး အရေအတွက်အားဖြင့် ၁၅ ဦးမှ ၂ဝ ထိရှိသည်ဟု ရဲက ပြောသည်။

ရဲတပ်ဖွဲ့မှ သူ့အား ဒစ်ဂျစ်တယ်လုံခြုံရေး အက်ဥပဒေဖြင့် အမှုဖွင့်တရားစွဲရန် ပြင်ဆင်နေပြီး တစ်စုံတစ်ဦးက သူ၏ အဓမ္မ ပြုကျင့်မှု အပေါ် အစပျိုး တရားစွဲဆိုမည်ဆိုပါက စွဲဆိုနိုင်သည်ဟု ရဲ ပြောသည်။

နဝမတန်း ကျောင်းသူ တစ်ဦးမှ လွန်ခဲ့သည့် နှစ်ရက်အကြာ ၎င်းကျောင်းဆရာသည် သူမအား  ညစ်ညမ်းသော အဆိုပြုချက်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း သူမ၏မိသားစုနှင့် ၎င်းဧရိယာအတွင်းမှ သြဇာအာဏာရှိသူများကို တိုင်ကြားခဲ့ကြောင်း၊ တိုင်ကြားသဖြင့် ကျောင်းဆရာ  Ariful  အဓမ္မပြုကျင့်မှု စွပ်စွဲချက်ပေါ်ထွက်လာခဲ့သည်ဟု ဒေသခံ တစ်ဦး ဖြစ်သူ  Rakib Hasan ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ပိုင်းတွင် ကျောင်းဆရာအား ဖမ်းဆီးခဲ့ပြီး သူ၏ မိုဘိုင်းထဲမှ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ တွေ့ရှိခဲ့သည်ဟု ဆိုသည်။


မိဘများနှင့်အုပ်ထိန်းသူများက ကျောင်းပြင်ဘက်တွင် တစ်နေ့လုံး ဆန္ဒပြခဲ့ကြပြီး ကျောင်းဆရာ  Ariful ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်တောင်းဆိုခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။

Ref: Bangladesh schoolteacher detained for ‘raping’ 20 students

ဆက်စပ် သတင်းများ