အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သည်ဟုဆိုကာ မောင်တောမှ EPC ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ မောင်တောင်မြို့နယ်၊ တောင်ပြိုလက်ဝဲမြို့မှ လျှပ်စစ်ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ ကျောက်တော်မြို့‌ပေါ်မှဖြစ်ပြီး တောင်ပြိုလက်ဝဲမြို့တွင် တာဝန်ကျနေသည့် လျှပ်စစ် EPC ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

သူတို့ကို ယမန်နေ့ အောက်တိုဘာ ၂၃ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"မနေ့က ညကဖမ်းသွားတယ်ကြားတယ်။ စစ်သားတွေက လိုက်ဖမ်းတာ။ စစ်တပ်က ဖမ်းတာ"ဟုပြောသည်။

၎င်းတို့နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ တောင်ပြိုလက်ဝဲမြို့ရှိ EPC ဝန်ထမ်းအိမ်ရာမှတဆင့် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူ၏ဆွေမျိုးတော်စပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

"သူတို့နေတဲ့နေရာကိုဝင်ပြီး မွှေသွားတာ။ AA နဲ့ဆက်စပ်တယ်ဆိုပြီးဖမ်းတာ" ဟု ပြောသည်။

ဖမ်းဆီးခံရသူများကို တောင်ပြိုလက်ယာရှိ စစ်တပ်တစ်ခုတွင် ထိန်းသိမ်းထားကြောင်းသိရပြီး နောက်ဆက်တွဲသတင်းကို နိရဥ္စရာက စုံစမ်းနေဆဲဖြစ်သည်။ (NN-11)

 

ဓာတ်ပုံ - တောင်ပြို ပြန်/ဆက်

ဆက်စပ် သတင်းများ