- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
ယမန်နေ့ဇူလိုင်၁၀ ရက် ညနေ ၆ နာရီအချိန်က
ဘန်ကောက်မြို့၊ လတ်ကရာဘန်းခရိုင်၊ လန်ဖန်းလမ်းမပေါ်တွင်
ဆောက်လုပ်ဆဲ မိုးပျံတံတား အစိတ်အပိုင်းတစ်ခု ပြိုကျခဲ့ရာ
လူ နှစ်ဦးသေဆုံးပြီး ဆယ်ဦး ဒဏ်ရာရသည်ဟု သိရှိရသည်။
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်အရ တည်ဆောက်နေသော ၁ဒဿမ၃ မိုင်အရှည်ရှိ အွန်နွတ်-လတ်ကရာဘန်း မိုးပျံလမ်းပိုင်း၊ ဝပ် ပိုမာနီးလမ်းဆုံမှ ပေ ၁၃၀၀ ရှိ ကွန်ကရစ်တံတား အစိတ်အပိုင်း လမ်းမပေါ်သို့ ပြိုကျသွားခြင်းဖြစ်သည်။
ကနဦးစုံစမ်းတွေ့ရှိချက်အရ လေးလမ်းသွား ကွန်ကရစ်တံတားကို ကရိန်းဖြင့် မ တင်စဉ် ကရိန်းကားလည်ထွက်ပြီး လဲကျသွားသည့်အတွက် လမ်းပေါ်သို့ ယခုကဲ့သို့ ပြိုကျခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ပြိုကျမှုကြောင့် တံတားအောက် လမ်းပေါ်ရှိ မော်တော်ကားများ ကြေမွပျက်စီးခဲ့သလို အနီးရှိစျေးဆိုင်များလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
မော်တော်ကားပေါ်ရှိ လူနှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
NN-27
ref: Bangkok Post