- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၂၄
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်
ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်
(FTI) သည်
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမို ပြင်းထန်လာခြင်းနှင့်
ပတ်သက်၍ နယ်စပ်ကုန်သွယ်ရေးတွင်
ထပ်မံကျဆင်းလာမည်ကို စိုးရိမ်ပူပန်မှုများရှိနေသည်ဟု
မြန်မာပဋိပက္ခများကြောင့် နယ်စပ်ကုန်သွယ်ရေး ထပ်မံကျဆင်းလာပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လုပ်သားများ တိုးပွားလာမည်ဟု ထိုင်းက ခန့်မှန်းထားသည်။
မြန်မာ-ထိုင်း
နှစ်စဉ် နယ်စပ်ကုန်သွယ်မှု ဘတ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၇
ဘီလီယံ) ရှိနေ
သော ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ပဋိပက္ခများ ပြင်းထန်လာသည့်
အခါတိုင်း
ထိခိုက်နစ်နာလေ့ရှိကြောင်း FTI ဥက္ကဋ္ဌ Kriengkrai Thiennukul က
ပြောသည်။
"မြန်မာနိုင်ငံက
ပုံမှန်အားဖြင့် ထိုင်းနိုင်ငံကနေ
လူသုံးကုန်ပစ္စည်းမျိုးစုံကို တင်သွင်းနေ တဲ့ အတွက် ကုန်သွယ်မှုတန်ဖိုး
ကျဆင်းမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်”ဟု Kriengkrai က ပြောသည်။
မြန်မာနိုင်ငံကပဋိပက္ခသည် သယ်ယူပို့ဆောင်ရေးနှင့်
ထောက်ပံ့ပို့ဆောင်ရေးတို့ကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး
မြန်မာနိုင်ငံသားများအကြား ကုန်စည်ပြတ်လပ်မှုကို
ဖြစ်စေနိုင်ကြောင်း၄င်း က ထောက်ပြသည်။
မဲဆောက်ခရိုင်အတွင်း
ကုန်သွယ်မှု ၃၀ ရာခိုင်နှုန်း
ကျဆင်းသွားပြီးနောက် ထိုင်းအာဏာပိုင်များက နယ်စပ်ကုန်သွယ်မှု အခြေအနေနှင့်
ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရကြောင်း နိုင်ငံခြားရေး
၀န်ကြီး Parnpree
Bahiddha-Nukara က လည်း ပြောကြားခဲ့သည်။
Source/ Thaiger