တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

မြန်မာဘက်မှ ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်တွင် လူနေအိမ်များ အက်ကွဲကြောင်းများဖြစ်ပေါ်ကာ ထိခိုက်မှုများရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 114

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၁/ ၂၀၂၄

မြန်မာဘက်မှ ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား ခရိုင် က်ကနက်မြို့နယ် အတွင်း မြေသားဖြင့် ဆောက်ထားသည့် လူနေအိမ်အချို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ ထိခိုက်ပျက်စီးမှုမားကြုံ တွေ့နေရ ကြောင်း The Daily Star သတင်းကဖော် ပြချက်အရသိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် ဗုံးပေါက်ကွဲမှုများဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ရာ တက်ကနက်မြို့နယ်ရှိ ရွာတစ်ရွာတွင် မြေသားဖြင့် တည်ဆောက်ထားသည့်အနည်းဆုံး လူနေ အိမ်(၂၅)လုံး သည် အက်ကွဲမှုများ ဖြစ်ပွားခဲ့ရပြီးထိခိုက်ပျက်ဆီးမှုများနှင့်ကြုံ တွေ့နေရ ကြောင်း ဒေသခံ ရွာသားများက ပြောဆိုသည်။

ဆားပြင်တိုက်နယ် လက်အောက်ရှိ Acharbuniya ရွာသည် နတ်မြစ်တလျှောက်နှင့်မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့အကြား လက်နက်ကိုင်ပဋိပက္ခများလအတော်ကြာအောင် ဖြစ်ပွားလျက်ရှိနေသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၏ နတ်မြစ်တစ်ဘက်ကမ်းတွင် တည်ရှိသော နယ်နိမိတ်ချင်း ထိစပ်နေသော ကျေးရွာတစ်ရွာလည်းဖြစ်သည်။

ဒေးလီးစတားမှသတင်းထောက်သည် အောက်တိုဘာ(၁၈)ရက်ကအဆိုပါကျေးရွာသို့သွားရောက် ခဲ့ရာတွင် ရွှံ့နှင့်အုတ်များဖြင့်ရောစပ် တည်ဆောက်ထားသည့် လူနေ အိမ်အများအပြားသည် နက်ရှိုင်းသည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေ သည်ကိုတွေ့ခဲ့ရပြီးထိုနေရာတွင် နေထိုင်လျက်ရှိကြသည့် ဝင်ငွေနည်းပါးသည့် မိသားစုများကို အန္တရာယ်ဖြစ်ပေါ် စေသည်ကို သတိပြုမိခဲ့သည်ဟု ဒေးလီးစတားသတင်းကဆိုသည်။


၎င်းတို့သည် စစ်ပွဲနှင့်ပတ်သက်မှုမရှိဘဲ စစ်ပွဲ၏ သားကောင်များ ဖြစ်နေကြရကြောင်း၊ ပျက်ဆီးရသည့် ၎င်းတို့၏ နေအိမ်များကိုလည်းပြန်လည် ပြုပြင်ရန်အတွက် ငွေကြေးအလုံအလောက်လည်း မရှိကြောင်း ဒေသခံ ရွာသူရွာသားများက စိတ်ပျက်လက်ပျက် ဖြင့်ထုတ်ဖော်ပြောဆိုကြသည်။ "တစ်ဖက်မှာ(မြန်မာဖက်) ဗုံးတွေ ပေါက်ကွဲတဲ့အခါ ငလျင်လှုပ်သလိုမျိုး ကျွန်တော်တို့ ရဲ့အိမ်တွေက လှုပ်ရမ်းသွားရတယ်ဟု အဆိုပါကျေး ရွာတွင် နေထိုင်သူ Jahed Ullah က ပြောဆိုသည်။

အခြားဒေသခံတစ်ဦးဖြစ်သူ Hamida Khatun ကလည်း " အလွန်ကျယ်လောင်တဲ့ဗုံး ပေါက်ကွဲသံကြီးကြောင့် ကျွန်တော်တို့ရဲ့ ကလေးတွေဟာ ကြောက်လန့်တကြား နဲ့အော်ဟစ်နေကြရတယ်။ ဒီဗုံးတွေသာ ဒီနေရာကို ကျရောက်ခဲ့ရင် ကျွန်တော်တို့ ဘာဖြစ်သွားမလဲ ဆိုတာကို တွေးပြီး ကြောက်နေကြတာပါ"ဟုပြောဆိုသည်။

တက်ကနက်၏ အရာရှိဖြစ်သူ Adnan Chowdhury ထံ ဒေးလီးစတားမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် အဆိုပါပြဿနာကို အထက်အာဏာပိုင်များထံ တိုင်ကြားထားပြီးဖြစ်ကြောင်း ထိခိုက်ခံစားရသည့် မိသားစုများအနေဖြင့် အစိုးရ၏အကူအညီကို ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေးလီးစတားမှသတင်းထောက်ဖြစ်သူသည်အောက်တိုဘာ(၁၈)ရက် မွန်းလွဲပိုင်းက Shahporir Dwip ဆိပ်ခံတံတားသို့ သွားရောက်ခဲ့စဥ်၊ မြန်မာတိုက်လေယာဉ်တစ်စင်း သည် မောင်တောမြို့ပေါ်သို့ ဗုံးများ ကြဲချနေသည်ကို တွေ့မြင်ခဲ့ရပြီး အလွန်ကျယ်လောင်သည့် ပေါက်ကွဲသံများကို ကြားခဲ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုများသည် ညပိုင်းအချိန် တွင်ပိုမိုပြင်းထန်လာသည်ဟု အဆိုပါဒေသတွင်နေထိုင်သူ Abdul Hamid က ဆိုသည်။ Source/The Daily Star

ဆက်စပ် သတင်းများ