သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကားတစ်စီးပေါ် ပြွတ်သိပ်တင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦး ထိုင်းနိုင်ငံ ပထုမ်ထာနီခရိုင်တွင် အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 10k

နိရဉ္စရာမတ် ၁၀/ ၂၀၂၃

ကားတစ်စီးပေါ် ပြွတ်သိပ်တင်လာသည့် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးကို ထိုင်းနိုင်ငံ ပထုမ်ထာနီခရိုင်တွင် ၌ မတ်လ ၉ ရက်နေ့တွင် ထိုင်းအာဏာပိုင်တွေမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ထိုင်းအခေါ်(လွတ်တု)ဟုခေါ်သည့် အံစာတုံး ကားတစ်စီးထဲတွင် ၎င်းမြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးကို ပထုမ်ထာနီခရိုင်ထဲ၌ အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့က မသင်္ကာ၍ စစ်ဆေးရာမှ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း 7HD သတင်းဌာနက ဖော်ပြထားသည်။  

အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့က ခရီးသည်တင်ကားများကို စောင့်ကြည့်စစ်ဆေးနေရာတွင် အဆိုပါကား သည် ပုံမှန်ထက်အလေးချိန်ပိုများနေသည်ကို တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိရာကနေ ယခုလိုအဖမ်း ခံရတာဖြစ်ကြောင်းလည်း ယင်းသတင်းဌာနက ဖော်ပြထားသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် ၎င်းမြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံအလယ်ပိုင်း ၌ အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း မြန်မာအလုပ် သမားအရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

‘’မြန်မာတွေက ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်ဖို့ တရားမဝင်ရောက်လာတာတွေကတော့ ဒီရက်ပိုင်းအတွင်း ပိုများလာတယ်၊ ဖမ်းမိတဲ့သူတွေကတော့ ပြန်ပို့ခံရမှာပဲပေါ့၊ လူကိုယ်တိုင် ဒုက္ခတွေရောက်၊ ငွေလည်းကုန် ဘဝတွေက ဆိုးပါတယ်ဗျာ’’

၎င်းမြန်မာအလုပ်သမား ၁၈ ဦးတို့ကို ထိုင်းနိုင်ငံဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန် စမ်ခို့ ရဲစခန်းသို့  ပို့ဆောင်မည်ဟုလည်း သိရသည်။ NN - 24

Photo ; Thai News

 

ဆက်စပ် သတင်းများ