သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၂၁ ဦး ထပ်အဖမ်းခံရ၊ မူးယစ်ဆေးများလည်းတွေ့ရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 9.2k

နိရဉ္စရာ မတ် ၁၁ ၊ ၂၀၂၃

ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခီလီခမ်ခရိုင်တွင် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးတို့ကို မတ်လ ၁၀ ရက်တွင် ထိုင်းအာဏာပိုင်များက ထပ်မံ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ယခုတစ်ကြိမ်တွင် ၎င်းတို့ထံ၌ မူးယစ်ဆေးဝါး ၁ ကီလိုဂရမ် နှင့် စိတ်ကြွဆေးပြား အလုံးနှစ်ထောင်တို့ကို စစ်ဆေးတွေ့ရကြောင်း ထိုင်းရတ်သတင်းဌာနက ဖော်ပြ ထားသည်။

၎င်းတို့သည် နေပြည်တော်နှင့် မန္တလေးမြို့တို့ကဖြစ်ကြောင်း၊ ကျား ၁၁ ဦး မ ၇ ဦးနှင့် လမ်းပြ ၃ ဦး စုစု ပေါင်း ၂၁ ဦးဖြစ်ပြီး ယင်းတို့ထဲမှ ကိုအောင်ပိုင်ဆိုသူ၏ ကျောပိုးအိတ်သည် ပုံမှန်ထက် အလေးချိန်ပိုများနေသည့် အတွက် စစ်ဆေးကြည့်ရာ မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား နှစ်ထောင်ကို စစ် ဆေးတွေ့ရှိရမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ဒေသခံများနှင့် ထိုင်းအာဏာပိုင်အဖွဲ့များပူးပေါင်းကာ ပရာကျွတ်ခီရီခမ်ခရိုင်၊ မင် မြို့၊ အောင်ဝ်နွဲကျေးရွာ အုပ်စု ၅ နယ်မြေက တောလမ်းတစ်နေရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့်သူများဖြစ်ပြီး ယခုလိုမူးယစ်ဆေးဝါးများပါ လက်ဝယ် တွေ့ ရှိထားသဖြင့် ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ်ခံရနိုင်ကြောင်း အလုပ်သမားအရေး လုပ်ဆောင်ပေးနေ သည့် ကိုစောမောင်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

‘’အလုပ်သမားတွေက ပွဲစားခမပေးနိုင်လို့ ပွဲစားကသူတို့ကို သယ်သွားခိုင်းတာလည်း ဖြစ်နိုင်ပါတယ်လေ  ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့ဆီမှာ အဲဒီမူးယစ်ဆေးတွေ လက်ဝယ်တွေ့တာဆိုတော့ ပြစ်မှုပြစ်ဒဏ်က ကြီးမှာပဲဗျ။’’

၎င်းရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် အလုပ်သွားလုပ်ရန် ပွဲစားကို တစ်ဦးလျှင် ဘတ် ၃၀၀၀၀ မှ ၄၅၀၀၀ အထိ ပေးရကြောင်း၊ ငွေသားမပေးနိုင်သည့်အတွက် ငွေသားအစား မူးယစ်ဆေးများကို သယ်ဆောင်ပေးရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု ဖော်ပြထားသည်။

မတ်လ ၉ ရက်ကလည်း ကားတစ်စီးပေါ် ပြွတ်သိပ်တင်လာသည့် တရားမဝင်မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးကို ထိုင်းနိုင်ငံ ပထုမ်ထာနီခရိုင်တွင် ၌ ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။

ထိုင်းအခေါ်(လွတ်တု)ဟုခေါ်သည့် အံစာတုံး ကားတစ်စီးထဲတွင် ၎င်းမြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးကို ပထုမ်ထာနီခရိုင်ထဲ၌ အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့က မသင်္ကာ၍ စစ်ဆေးရာမှ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း 7HD သတင်းဌာနက ဖော်ပြထားသည်။  

 

 

NN – 24

Photo ; Thai News

ဆက်စပ် သတင်းများ