သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ၌ တရားမဝင်ရောက်လာသည့် မြန်မာလုပ်သား ၃ဝဝ ကျော် မတ်လအတွင်း အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6.5k

နိရဉ္စရာ၊ မတ်လ ၂၃/၂၀၂၃

 

ထိုင်းနိုင်ငံထဲသို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် တရားမဝင်ရောက်လာသည့်အတွက် မတ်လ အတွင်း အဖမ်းခံရသူပေါင်း ၃၀၀ ကျော်အထိရှိနေဖြစ်ကြောင်း သတင်းရရှိသည်။

 

အဖမ်းခံရသည့်သတင်းများအား စာရင်း ပြုစုထားချက်အရ အဖမ်းခံရသူ အများစုမှာ  ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်ကိုင်ရန် လာကြသူများဖြစ်သလို တစ်ချို့မှာ ထိုင်းကို ဖြတ်ပြီး မလေးရှားနိုင်ငံထဲသို့ သွားကြသူများဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည့်  ကိန်းကဏန်းစာရင်များအရ သိရသည်။

 

မတ်လ ၂၂ ရက် ယမန်နေ့ကလည်း ထိုင်းနိုင်ငံ နခေါပထုမ်နယ်မြေ၌ လိုင်းကားတစ်စီးပေါ် တွင် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၃ ဦးတို့ကို ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးနှင့်အတူ ထိုင်းအာဏာ ပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၌ ဖော်ပြထားသည်။

 

၎င်းအလုပ်သမား ၄၃ ဦးတို့သည် နခေါပထုမ်ခရိုင်၊ ဘန့်ဖရောင့်ဝ်နယ်မြေရှိ အုန်းသီးသိုလှောင်ရုံကနေ ရာချ်ဘူရီခရိုင်၊ ဒမ်နိမ်စဒွါ့မြို့၊ ဘန့်ခို့ခယ့်ကျေးရွာရှိ အုန်းသီးသိုလှောင်ရုံတွင် အလုပ် လုပ်ကိုင်မည့်သူများ ဖြစ်ကြောင်း သိရသည်။

 

၎င်းတို့သည် မြန်မာပြည်ထဲကနေရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြကြောင်း အလုပ် သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုစောမောင် က နိရဉ္စရာ ကို ပြောသည်။

 

ူတို့အားလုံးက မြန်မာပြည်ထဲကနေ တရားမဝင်ရောက်လာကြတာ၊ အခုက အလုပ်လုပ်ဖို့အတွက် အလုပ်ရှင်ဆီကနေ နေရာရွှေ့ရင်းကနေ အဖမ်းခံရတာဖြစ်နိုင်တယ်’’

 

အလုပ်ရှင်ထံကနေ နေ့စားအနေဖြင့် ဘတ် ၄၀၀ ဖြင့်လုပ်ကိုင်ရကြောင်း၊ လစားအနေနဲ့ဆိုပါက တစ်လ ဘတ် ၁၀၀၀၀ ခန့် ရရှိကြောင်းလည်း အလုပ်သမားများမှ ထွက်ဆိုထားကြောင်း သိရသည်။

 

ယာဉ်မောင်းအပါအဝင် တရားမဝင်မြန်မာအလုပ်သမားအားလုံး ၄၄ ဦးတို့ကို ဥပဒေအရ ဆက်လက် ဆောင်ရွက်ရန် ဘန်ဖဲ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။ NN - 24

Photo ; Thai News

ဆက်စပ် သတင်းများ