သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀ ကျော် ထိုင်းနိုင်ငံထဲ အဖမ်းခံရပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

နိရဉ္စရာ၊ မတ်လ ၂၅ - ၂၀၂၃

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်၊ လန်စွန်မြို့မှာ ကုန်တင်ကားကြီးတစ်စီးပေါ်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၇၇ ဦး တို့ကို မတ်လ ၂၃ ရက် ညနေပိုင်းက ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ ကြောင်း ထိုင်းသတင်းမီဒီယာများ တွင် ဖော်ပြထားချက်အရ သိရသည်။

 

ချွန်ဖော်ခရိုင်၊ လန်စွန်မြို့ ဝမ်သကော်ကျေးရွာ လမ်းအမှတ် ၄၁ အဝေးပြေးလမ်းမကြီးပေါ်တွင် ကုန် ကားတစ်စီးပေါ်၌ လိုက်ပါလာသည့် မြန်မာအလုပ်သမား ၇၇ ဦး တို့ကို ထိုင်းနိုင်ငံသား ကားသမားနှစ်ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံထဲ၌ မြန်မာရွှေ့ပြောင်းအလုပ်သမားမျာ ယခုလိုအဖမ်းခံနေရပေမယ့်လည်း ဝင်ရောက်လာကြ သူများ လျော့ကျမသွားသေးတာတွေ့ရကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦး က ပြောသည်။

 

‘’မိသားစုစားဝတ်နေရေးအတွက် အဓိကက အလုပ်ရှိဖို့လိုတယ်၊ အလုပ်ရနိုင်မယ့်နေရာကလည်း ကိုယ့် နိုင်ငံထဲမှာမဟုတ်တော့ အထောက်အထားမပြနိုင်ဘူးဆိုရင် အဖမ်းခံရတာပဲ၊ အဖမ်းခံနေရပေမယ့်လည်း ဝင်ငွေရဖို့ ထိုင်းနိုင်ငံထဲဝင်လာသူတွေက လျော့ကျမသွားဘူး’’

 

ထိုင်းကားသမားနှစ်ဦး၏ ထွက်ဆိုချက်အရ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပရာကျွတ်ခီရီခမ်မှ တင်ဆောင်လာပြီး စုန်ခလာခရိုင် ယတ်ရိုင်မြို့သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်းနှင့် ပို့ဆောင်ခအဖြစ် ဘတ် ၁၅၀၀၀ ရရှိကြောင်း သိရသည်။

 

ဖမ်းဆီးရမိခံရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၇၇ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦး တို့ကို ဥပဒေအရဆောင်ရွက်ရန် ချွန်ဖော်ခရိုင် လန်စွန်ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်းလည်း သိရ သည်။

 

မတ်လအတွင်း ထိုင်းနိုင်ငံအတွင်း၌ အဖမ်းခံရသည့် တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမား စုစုပေါင်း ၄၀၀ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း သတင်းများစုစည်းထားချက်အရ သိရသည်။ NN – 24

 

Photo ; Thai News

ဆက်စပ် သတင်းများ