- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဇူလိုင် ၉/ ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ရိုးလမ်းပေါ်က ခွေးတောက်ကျေးရွာနှင့် သံတွဲမြို့ ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ လူနေအိမ်အချို့ ပျက်စီးသွားသည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၈ရက်၊ ညနေ ၃နာရီအချိန်ခန့်က တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာအုပ်စု၊ ရန်ကုန် - တောင်ကုတ်ရိုးလမ်းမကြီးပေါ်ရှိ ခွေးတောက်ကျေးရွာကို စစ်ကောင်စီကဂျက်လေယာဥ်ဖြင့် လေကြောင်းဖြင့် ၄ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူနေအိမ်အချို့ပျက်စီးသွားသည်ဟု တောင်ကုတ်ဒေသခံတစ်ဦးကပြောသည်။
"ခွေးတောက်ရွာက
မြေပြန့်မှာရှိတာမဟုတ်ဘူး။ ရိုးပေါ်မှာရှိတာပါ။ လူနေအိမ်တွေ အများအပြား ပျက်စီးသွားတယ်လို့တေ
စစ်ကောင်စီကလေကြောင်းဖြင့်ဗုံး
ယင်းအပြင် သံတွဲမြို့တွင်လည်း ယမန်နေ့ ဇူလိုင်လ ၈ရက်၊ ညနေ ၃နာရီခွဲအချိန်ဝန်းကျင်ခန့်က စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ သံတွဲမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဦးစိုးရွှေ၏ နေအိမ်နှင့် ဆေးရုံးပိုင်းအနီးရှိ စံပါယ်လမ်းထိပ်မှ လူနေအိမ်များ ပျက်စီးသွားသည်ဟု သိရသည်။
"စံပါယ်လမ်းထိပ်က လူနေအိမ်မှာကျတယ်။ လေးဖြူကော်ဖီဆိုင်ရှေ့ကအိမ်။ အဲ့ဒီအိမ်မှာလည်း ကျတယ်။ လက်နက်ကြီးနဲ့ပစ်တာလားလို့တောင် ထင်ရသေးတယ်။ နောက်မှ လေယာဥ်အသံ ကြားတယ်။ ဘယ်လေယာဥ်အမျိုးအစားလဲဆိုတာ ထွက်မကြည့်ရဲလို့ မသိလိုက်ဘူး။ လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး" ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ
၆ ရက်၊ ညနေ ၅ နာရီကျော်ကလည်း စစ်ကောင်စီက ပေါက်တောမြို့နယ်၊ သဝင်ချောင်း၊
ပြိုင်းတောင်၊ သဲခုံ၊ မင်းတဲ စသည့်ကျေးရွာများကို လေကြောင်းမှ ဒရုန်းဖြင့်
ဗုံးကြဲချ ပစ်ခတ်ခဲ့သည့်အတွက်
လူနေအိမ်အချို့ပျက်စီးသွားခဲ့
အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်
၄ ရက်နေ့နှင့် ၅ ရက်နေ့တို့ကလည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့နယ်၊
ခမောင်းတောကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုကဲ့သို့
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမောင်းတောကျေးရွာမှ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့်
(စစ်ကောင်စီမှ
လေကြောင်းဖြင့်ဗုံးကြဲတိုက်ခို