တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြန်မာဘက်မှ ပစ်ခတ်သည့်မော်တာကျည် ထိမှန်ပြီး ဒုက္ခသည်စခန်းမှ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

 ဂျွန်နသန်၊ နိရဉ္စရာ ဇူလိုင် ၈/ ၂၀၂၄

မြန်မာဘက်မှ ပစ်ခတ်လိုက်သော မော်တာကျည်ဆန် ထိမှန်မှု ကြောင့် ကော့ဘဇားရှိ မြန်မာမွတ်ဆလင် ဒုက္ခသည်စခန်းမှ ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦး သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒါကာထရီဗြူးက သတင်းဖော်ပြသည်။

၄င်းတို့သည် တနင်္ဂနွေနေ့ ( ဇူလိုင်လ(၇)ရက်)၊ ညနေပိုင်းက တက်ကနက်မြို့၊ နတ်မြစ်အတွင်း ကဏန်းဖမ်းနေစဉ် မြန်မာနိုင်ငံမှဘက် ပစ်ခတ်လိုက်သည့် မော်တာကျည်ဆန် ထိမှန်ခဲ့ခြင်းဖြစ်သည်။

မော်တာကျည်ဆန် ထိမှန်ခဲ့မှုကြောင့် တက်ကနက်ရှိ လီဒါ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ အသက်၁၈ နှစ် အရွယ်ရှိ မိုဟာမက် ဇူဘီးရား သေဆုံးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဒုက္ခသည်စခန်း(၂၄)မှမိုဟာမက်ဂျဘားနှင့် နှင့်စခန်း(၂၇)မှ မိုဟာမက် ရှကူးရား တို့ ဒဏ်ရာရရှိခဲ့သည်။

တက်ကနက်(Taknef) ရဲစခန်းမှ အရာရှိဖြစ်သူ မိုဟာမက်အိုစမန်ဂါနီ က ၎င်းတို့ ၃ ဦးသည် ဂျာလီရာကျွန်းအနီးရှိ နတ်မြစ်အတွင်း ကဏန်းများဖမ်းဆီးနေ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပစ်ခတ်သည့် မော်တာကျည်ဆန် ထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

"ဇူဘီရာကေတာ့ ဆေးရုံကိုပို့ ရင်းလမ်းမှာတင် သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် အခုတိုက်ခိုက်မှုက ဘယ်သူက တိုက်ခိုက်တယ်ဆိုတာကိုတော့ လတ်တလော အတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ နှစ်ဦးအား ဆေးဝါး ကုသမှုပိုမိုလုပ်ဆောင်ပေးနိုင်ရန် အတွက် စစ်တကောင်း ဆေးကောလိပ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးထားကြောင်းကော့ဘဇားဆာဒါဆေးရုံမှ ဆေးဘက်ဆိုင်ရာ အရာရှိ ဒေါက်တာ အရှီကူးအားရာမန်ပြောကြား သည်။

ဒုက္ခသည်စခန်းအတွင်းနေထိုင်သူများကမူ  မြန်မာနိုင်ငံမှ စစ်ကောင်စီကို တိုက်ခိုက်နေသည့် AA မှ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။  

 Source/Dhaka Tribune and Photo Ukhiya news

ဆက်စပ် သတင်းများ