ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တရုတ်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတစ်လျောက်ရှိဒေသအချို့ကို လေကြောင်းမှတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နှစ်ပတ်တာကာလအတွင်း အရပ်သား (၄၆)ဦးသေဆုံးပြီး (၃၅)ဦးဒဏ်ရာရ ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ဇူလိုင် ၂၂/၂၀၂၄

စစ်ကောင်စီက တရုတ်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတစ်လျောက်ရှိ ဒေသအချို့ကို လေကြောင်းမှ တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် နှစ်ပတ်တာကာလအတွင်း အရပ်သား (၄၆)ဦး သေဆုံးပြီး (၃၅)ဦးဒဏ်ရာရ ခဲ့ကြောင်းရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယနေ့မှာ သတင်း ထုတ်ပြန်သည်။

နောင်ချိုမြို့၊ကျောက်မဲမြို့နှင့်သီပေါမြို့များရှိ တရုတ်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတစ်လျောက် ၌ စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ နှစ်ပတ်တာကာလအတွင်း အရပ်သား (၄၆) ဦးသေဆုံးပြီး (၃၅)ဦးဒဏ်ရာရ ကာ အဆောက်အဦး (၁၅၀)ကျော်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

TNLA၊ MNDAA နှင့် PDF တပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းစတင်သည့် ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ နှစ်ပတ်တာကာလအတွင်း နောင်ချိုမြို့၊ကျောက်မဲမြို့နှင့်သီပေါမြို့များတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့်အရပ်သား ၄၆ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာရကာ အဆောက်အဦး ၁၅၀ ကျော်ပျက်စီးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့်အလားတူစွာ စစ်ကောင်စီသည် တရုတ်ရေနံနှင့် သဘာဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိမြို့များတွင် သေဆုံးထိခိုက်မှုများစေသော ပေါင် ၅၀၀ ဗုံးများ အသုံးပြုခြင်း အပါအ၀င် အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများကို မြို့များနှင့်ရွာများအပေါ် ပိုမို စုစည်း ပစ်မှတ်ထားလုပ်ဆောင်ခဲ့သည်။

၂၀၂၄ ခုနစ် ဇွန်လ ၂၅ ရက်နေ့တွင် နောင်ချိုမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းများကို TNLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့က၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မြို့အတွင်းသို့ တိုက်ရိုက် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ အမျိုးသမီးနှစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦးဒဏ်ရာရရှိပြီး ဘူတာရပ်နှင့် စျေးရပ်တွင်းရှိ နေအိမ်များစွာပျက်စီးခဲ့သည်။

ထိုနေ့၌ပင် အုမ္မသီးကျေးရွာတွင်တပ်စွဲထားသော စစ် ကောင်စီတပ်သည် တရုတ်ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းကိုဖြတ်ကာ ဆမ္မဆယ် ကျေးရွာဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ နေအိမ်အများအပြားပျက်စီးခဲ့သည်။

လက်နက်ကြီးတစ်လုံးသည် ပိုက် လိုင်းမှ ၈၀ မီတာသာကွာဝေးသော ချိုခမ်းဘုန်းကြီး ကျောင်း၀င်း အတွင်း ကျရောက်ကာ သံဃာတစ်ပါး ဒဏ် ရာရရှိခဲ့ပြီး ကျောင်းအဆောက် အဦးပျက်စီးခဲ့ သည်။

ဇွန်လ ၂၆ ရက်နေ့တွင် TNLA/PDF ပူးပေါင်းတပ်ဖွဲ့ သည် စစ်ကောင်စီတပ် ခလရ ၁၁၅ တပ်စခန်းကို သိမ်း ပိုက် နိုင်ခဲ့ ပြီး မြို့တွင်းကိုထိန်း ချုပ်နိုင်ခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် TNLA/PDF ပူးပေါင်း တပ်ဖွဲ့ သည် ခလရ ၁၁၅ အနီးရှိ စစ်ကောင်စီတပ်ခလရ ၁၁၄ နှင့် မူဆယ်-မန္တလေး လမ်းပေါ်မှ မြို့၏ အနောက် ဘက်ရှိစစ်ကောင်စီတပ်၏ အုမ္မသီးကျေးရွာရှိတပ်စခန်းနှင့် အုမ္မခါး တပ်စခန်းတို့ကို သိမ်းပိုက်နိုင် ခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့မှ  ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သည်နောင်ချိုမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနောက်ပိုင်း ရှိ ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ ဆက်တိုက်ပြုလုပ်ခဲ့ရာ နေအိမ် ၁၂ လုံးခန့် ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရာ ညနေပိုင်းတွင် အိမ်ရှေ့၌ထိုင်နေသော ပြည်သူ ၆ဦးအပါအ၀င် အရပ်သား ၇ ဦးထိမှန်ကာ သေဆုံးခဲ့သည်။

ဇွန်လ ၂၇ ရက်မှ၂၉ ရက်အထိ စစ်ကောင်စီ တပ်မှ ကျောက်မဲမြို့ပေါ်နှင့်အနီးတစ်၀ိုက်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သား ၂၁ ဦးသေ ဆုံး ပြီး ၇ ဦးဒဏ်ရာရခဲ့သည်။

ဇွန်လ ၃၀ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်သည် ပေါင် ၅၀၀ ဗုံး ၃ လုံးကို မြို့အ တွင်း ကြဲချခဲ့ရာ ဟော်တယ်၊ ဘုန်း ကြီးကျောင်း အပါအ၀င် အနည်းဆုံး နေအိမ် ၂၀ ပျက်စီးပြီး အရပ်သား ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ သည်။. ဇူလိုင်လ ၂ရက်နေ့တွင် စစ်ကောင်စီတပ်မှ မြို့အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား  ၄ ဦးသေ ဆုံး ခဲ့သည်။

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထိုနေ့ည ၈နာရီ၀န်း ကျင်ခန့်တွင် စစ်ကောင်စီတပ်ခမရ ၂၃ မှပစ်လိုက်သောလက်နက်ကြီးသည် ပန်းတိမ်တောင်ရပ်ကွက် အတွင်းသို့ ကျရောက်ခဲ့ပြီး အရပ်သား တစ်ဦး ထိမှန်ဒဏ်ရာရကာ နေအိမ် ၃လုံးပျက်စီးခဲ့သည်။

 

Source/ Shan Human Rights Foundation

 

ဆက်စပ် သတင်းများ