စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ် လင်းသီကျေးရွာနှင့် ရွှေလှေတံတား၏ လက်ရှိမြင်ကွင်းများ( ဓာတ်ပုံသတင်း)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၂၂ /၂၀၂၄

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ် လင်းသီကျေးရွာနှင့် ရွှေလှေတံတားတို့တွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ကာ ဆုတ်ခွာသွားပြီဖြစ်ကြောင်းသိရသည်။

ရွှေလှေတံတားအနီးရှိ လင်းသီကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သောကြောင့် အရပ်သားသေဆုံးမှုရှိခဲ့ပြီး ရွာသားများလည်းထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လက်ရှိကျေးရွာအတွင်း မီးလောင်မှုများရှိသကဲ့သို့ လက်နက်ကြီးအစများ ကျည်ခွံများ အိမ်အပျက်အစီးများရှိနေကြောင်း ခဏတစ်ဖြုတ်သွားရောက်သူများ၏ ဓာတ်ပုံမှတ်တမ်းများ အရသိရသည်။

စစ်ကောင်စီမှ ဗုံးကြဲချနိုင်သောကြောင့် လင်းသီကျေးရွာသားများအား မလာရောက်ရန်နှင့် မိုင်းရှင်းလင်းပြီးမှလာရောက်ကြရန် အာရက္ခတပ်တော်က ပန်ကြားထားကြောင်းသိရသည်။

ဓာတ်ပုံ-ကျော်မင်းနိုင်

ဆက်စပ် သတင်းများ