သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်မျိုးစောင့်အဖွဲ့မှ ဒုတိယအကြိမ်မြောက် ရခိုင်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ ဇန်နဝါရီ ၂/၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်မျိုးစောင့်အဖွဲ့ (ARG) မှ ဒုတိယအကြိမ်မြောက် ရခိုင်ဂုဏ်ဆောင် မိသားစုဆုနှင့် ပရဟိတထူးချွန်ဆုကို ယမန်နေ့က ချီးမြှင့်ခဲ့သည်ဟု သိရသည်။

အဆိုပါဆုချီးမြှင့်ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁ရက်၊ နေ့လယ် ၂နာရီအချိန်တွင် ရခိုင်မျိုးစောင့်အဖွဲ့ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်ဟု သိရသည်။

ပရဟိတလုပ်ငန်းများတွင် ကျန်းမာရေး၊ ပညာရေးအပြင် လူမှုရေး လုပ်ငန်းများ၌ စွမ်းစွမ်းတမံ လုပ်ဆောင်နေသည့် ဆရာမကြီး ဒေါက်တာကျော့သာစိန်ကိ ပရဟိတ လူမှုထူးချွန်ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။

" ဆရာမကြီးက ဘဝကိုစွန့်လွတ်အနစ်နာခံပြီးတော့ အများကြီးလုပ်ကိုင်ခဲ့တယ်။ စစ်တွေမြို့က စေတနာညကျောင်း ဖွင့်တယ်။ စာသင်ပေးတယ်။ ဆေးတက္ကသိုလ်တက်ဖို့ ဆရာမကြီးဆီက ထောက်ပံ့ကြေးယူနေတာ ၂၁ ယောက်ထိရှိတယ်လို့သိရတယ်။ ပြောရရင်ဆရာမကြီးက ရှိသမျှ ရောင်းချပြီးလုပ်တယ်။ ကိုယ့်မှာမရှိရင် အလှူရှင်တွေရှာတယ်။ အခုဆုပေးတာကလည်း ရခိုင်မျိုးစောင့် အဖွဲ့တစ်ခုတည်းက ပေးတာမဟုတ်ဘူး။ ရခိုင်တစ်မျိုးသားလုံးကိုယ်စား ရခိုင်မျိုးစောင့်အဖွဲ့ကနေ ဆုချီးမြှင့်ပေးတာပါ" ဟု ရခိုင်မျိုးစောင့်အဖွဲ့ဥက္ကဌ ဦးဦးဘအေးကပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ကရာတေးဆရာ ဦးလှဌေး၏ ကျန်ရစ်သည့်မိသားစု ဒေါ်နုနုတင်တို့ကို ရခိုင်ဂုဏ်ဆောင် မိသားစုဆုချီးမြှင့်ခဲ့သည်ဟု ရခိုင်မျိုးစောင့်အဖွဲ့ဥက္ကဋ္ဌ ဦးဘအေးကပြောသည်။

 "ဒီဆုပေးပွဲကတော့ ဒီတစ်ကြိမ်ဆို ဒုတိယအကြိမ်ပေါ့။ ဆုပေးရတာကတော့ ကိုယ့်လူမျိုးအတွက် အသက်ပေးပြီး နစ်နာခဲ့ရတဲ့မိသားစုတွေ အားမငယ်ရအောင်။ အခက်အခဲဖြစ်ရင် ကူညီပေးဖို့လည်း ရခိုင်သူ၊ ရခိုင်သားတွေမှာတာဝန်ရှိတယ်လို့ခံယူပြီးတော့ ရခိုင်ဂုဏ်ဆောင်မိသားစုဆု ချီးမြှင့် ပေးခဲ့တာဖြစ်ပါတယ်။ ဒီဆုမှာ ရခိုင်မျိုးစောင့်အဖွဲ့မှ နောက်ထပ်တာဝန်ယူမူတွေလည်းရှိပါတယ်" ဟု ပြောသည်။

 ကရာတေးဆရာဦးလှဌေးသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အဓိဂရုဏ်းအတွင်း သေဆုံးခဲ့ပြီး ကျန်ရစ်သူ မိသားစုထဲမှ သမီးဖြစ်သူ ဆေးတက္တသိုလ်တက်ခွင့်ရခဲ့လျှင် စီးပွားရေးအခြေနေကြောင်း အခက်အခဲကျနေပါက ရခိုင်မျိုးစောင့်အဖွဲ့မှ လစဥ် နှစ်သိန်းကျပ်စီ ထောက်ပံ့သွားမည်ဟု သိရပြီး ရခိုင်ဂုဏ်ဆောင်ဆုရှင် မိသားစု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲ များကိုလည်း အတတ်နိုင်ဆုံး ကူညီပံ့ပိုးသွားမည်ဟု ၎င်းကပြောသည်။

 ဂုဏ်ပြုဆုများချီးမြှင့်ပြီးလျှင် ရခိုင်မျိုးစောင့်အဖွဲ့မှ ပညာရေးဖောင်ဒေးရှင်းဖွဲ့စည်းခဲ့ပြီး ဖောင်ဒေးရှင်း၏ ထူးခြားမှုမှာ ကျောင်းသားများကို အလှူသဘောမျိုး ပညာသင်ပေးခြင်းမဟုတ်ပဲ ပညာရေးဖောင်ဒေးရှင်းမှ ပညာသင်ကျောင်းသားတစ်ယောက် အလုပ်အကိုင်ရရှိလာသည့်အခါ နောက်

ထပ်မျိုးဆက်သစ် ကျောင်းသားတစ်ယောက်ကိုဆက်လက်သင်ကြားနိုင်ရန် သူယူခဲ့သည့် ပညာ

သင်အထောက်အပံ့ငွေကို ရခိုင်မျိုးစောင့်ဖောင်ဒေးရှင်း၌ ပြန်သွင်းရမည်ဟုလည်း သိရသည်။

 ရည်ရွယ်ချက်မှာ စဥ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန်ဖြစ်သည်ဟု သိရသည်။

 ရခိုင်မျိုးစောင့်အဖွဲ့ကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၇ရက်နေ့၌ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဖွဲ့စည်းခဲ့သည်။  

 သမ္မတဦးသန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်ရှိ ရခိုင်မျိုးစောင့်အဖွဲ့ကိုယ်

စားလှယ်များက အစိုးရနှင့်ညှိနိုင်းပြီး နိုင်ငံရေးမပါသော လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် သဘောတူညီမှုဖြင့် ပြည်ထဲပြန်ဝင်လာခဲ့ကာ  မှတ်ပုံတင်ခွင့်ပြုချက်ဖြင့်  ရခိုင်ပြည်နယ်အတွင်း၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ှုပ်ရှားဆောင်ရွက်နေသည်ဟု သိရသည်။

 (NN-12)

 ဓာတ်ပုံ - Ba Aye (Fb)

ဆက်စပ် သတင်းများ