တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်မှ ကျေးရွာ (၉)ရွာတွင် စပါးခင်းများဆားငံရေဝင်ပြီးပျက်စီးသွားသဖြင့် စပါးလုံး၀ မထွက်ရှိ၍ စားသောက်ရေးအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တာတမံ(ကာရီ)ကျိုးပေါက်မှုကြောင့် စပါးခင်းထဲ ဆားငံရေများ ဝင်ရောက်ပြီး ပျက်စီးသွားရာမှ စပါးလုံး၀မထွက်ရှိ၍ ရွာ ၉ ရွာမှ ရွာသားအများစုမှာ ဆန်စပါး ပြတ်လပ်ကာ  အခက်အခဲဖြစ်နေသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် မိုးရာသီတွင် လေမုန်တိုင်းနှင့် အတူ ီရေကြီးမားမှုကြောင့် ဆယ်ထားသည့် တာ(ကာရီ)များ ကျိုးပေါက်ပြီး စပါးစိုက်ပျိုးခင်းများသို့ ဆားငံရေများဝင်ရောက်သွားသဖြင့် စပါးခင်းများ လုံး၀ ပျက်စီးသွားခဲ့သည်ဟု ပန်းတောပြင်အနောက်ဘက်ဆရာတော် ဦးညာဏိက နိရဥ္စရာကို မိန့်သည်။

ဒီနှစ်က ရွာတွေမှာ ဒီရေကြီးတော့ တာ(ကာရီ)ကျိုးကျတဲ့ခါ စပါးခင်းထဲ ဆားငံရေတွေဝင်လာတယ်။ အဲ့တော့ စပါးခင်းတွေက လုံးဝပျက်သွားတယ်။ စပါးပင်တွေသေတယ်။ တောင်ယာစပါးစိုက်တဲ့ သူတွေကြတော့ စပါးဖြစ်တာတွေရှိပေမဲ့ လယ်စိုက်သူတွေက ဘယ်သူမှ ဝမ်းစာ စပါးမရကြဘူး။  အခုတော့ အကြီးအကျယ်အခက်အခဲဖြစ်နေကြရတယ်ဟု ဆရာတော်က မိန့်သည်။

 

လက်ရှိဝမ်းစာစပါး မရရှိလိုက်၍ အခက်အခဲဖြစ်နေသော ကျေးရွာများမှာ လမာန်ချောင်း၊ အောင်သာယာ၊ ကုတိုးဆိပ်၊ ကျွဲတဲ၊ ငဖျင်းသက် စသည့်ရွာများ အပါအဝင်  ရွာ ၉ ရွာခန့် ရှိသည်ဟု သိရသည်။

အဲလိုစပါးမဖြစ်တော့ တစ်ခြားအလုပ်လည်း မရှိကြဘူး။  ကိုယ်ဟာနဲ့ကို ရှာကြံပြီး ချေးငှားလို့ ဘယ်လောက်ကြာကြားစားရမလဲ အရမ်းကို စိုးရိမ်စရာ အခြေအနေပါ။ ရွာတွေမှာ  စပါးမဖြစ်တော့ ပိုက်ဆံရှိတောင် ဆန်ဝယ်လို့မရနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်ဟုပြောသည်။


ထိုကျေးရွာသားများမှာ ရွာ၏ပေါက်ဈေးအရ ယခင်က နို့ဆီဗူး (၃၆) ဗူးပါ ဆန်တစ်တောင်းကို ကျပ် ၄၀၀၀ မှ ၅၀၀၀ ကျပ် ဝန်းကျင်ခန့်သာ ရှိသော်လည်း စပါးပေါ်ပြီးနောက်ပိုင်း နှစ်လအကြာတွင် ဆန်တစ်တောင်းကို ၈၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်လာသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

အခုက ဆန်ဈေးတွေက တဖြည်းဖြည်းတက်လာတယ်။ ဒါတောင် တောင်ယာစိုက်တဲ့ သူတွေဆီက နည်းနည်းပါးပါးရောင်းနေလို့လေ။ အလုပ်ကလည်းရှားတယ်။ လူတစ်ယောက် အလုပ်လုပ်လို့ ၃ ထောင်၊ ၅ ထောင်၊ ၇ ထောင်ရတဲ့အခါလည်း ရှိတယ်။ တချို့တွေမှာ မိသားစုတွေက များတယ်။ နောက်ဆိုရင် လူတွေက ငတ်လာကြရင် ခိုးကြ၊ လုကြမှုတွေဖြစ်လာမှာပေါ့ဟုပြောသည်။

တောင်ယာစပါး အနည်းအကျဉ်း ရသူများအနေဖြင့်လည်း စ်ရွာလုံးကို မျှဝေ စားလောက်အောင်အထိ ဆန်စပါး မရှိကြသောကြောင့် မိုးရွာသီအတွက် ပိုအခက်အခဲကြုံရနိုင်သညဟု လမာန်ချောင်းရွာက လယ်ယာလုပ်ကိုင်သူတစ်ဦး မမိုးမိုးရီက နိရဥ္စရာကိုပြောသည်။

တာ(ကာရီ)တွေ ကျိုးကျသွားတဲ့အတွက် စပါးတွေအကုန်ပျက်စီးသွားတဲ့အတွက် ရွာမှာ ဆန်ရှာလို့တောင်မရဘူး။ တာ(ကာရီ)နဲ့မဟုတ်ဘဲ တောင်လယ်စိုက်တဲ့ သူတွေမှာလည်း မိုးကမမှန်တော့ စပါးပျက်ကြတော့ ရွာမှာက ဆန်ရှာလို့မရ၊ အလုပ်အကိုင်ကလည်းရှားတော့ ဆန်ဈေးတွေကလည်း တက်လာတော့ အခက်အခဲဖြစ်နေတာပေါ့။ အလုပ်မရှိရင် ပိုက်ဆံမရှိဆိုသလိုမျိုးပေါ့။ ဆင်းရဲသားတွေဆို ပိုဒုက္ခဖြစ်ပါတယ်။ မိုးတွင်းမှာဆိုရင် အကြီးအကျယ်အခက်အခဲနဲ့ ကြုံလာနိုင်ပါတယ် ဟုပြောသည်။

ယခင်က ဆန်ရှားပါးလျှင် တောင်ကုတ်မြို့သို့ ဘုတ်နှင့်သွားဝယ်ယူခဲ့ရသော်လည်း လက်ရှိတွင် တောင်ကုတ်ဘက်မှလည်း ဆန်ဝယ်ယူ၍ မရရှိသောကြောင့် စာရေးသောက်ရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်ဟု တခြားကျေးရွာသားတစ်ဦးက ပြောသည်။

ဒီအချိန်မှာတောင် ဒီလောက်ခက်ခဲနေပြီဆိုတော့ နောက်ဆို ဒီထက်ခက်ခဲလာမှာပေါ့ မိုးဆိုရင် ငတ်နိုင်တယ်ဟုပြောသည်။

လက်ရှိတွင် ကျိုးပေါက်သွားသည့် တာ(ကာရီ)ကို နောက်တစ်နှစ်တွင် စိုက်ပျိုးနိုင်ရန် ွာသားများ ကိုယ်ထူကိုယ်ထိ ဝိုင်းဝန်းပြီး ဆယ်နေကြပြီး ပြည်နယ်အစိုးရထံမှ တစ်စုံတစ်ရာ အကူအညီ မရရှိဟု သိရသည်။

ယခင်နှစ်များတွင် စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်သူများမရှိရအောင် ရွာတိုင်း၊ ရွာတိုင်းတွင် ရွာဘုံဆန်အဖြစ် စုထားလေ့ရှိပြီး လိုအပ်သောသူများကို ထုတ်ချေးလေ့ရှိကာ နောက်နှစ်စပါးပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ကြရသည့် အစီအစဉ်တစ်ခုရှိခဲ့ကြောင်း သိရသည်။

 

သို့ရာတွင် ယခုနှစ်တွင် စပါးမဖြစ်ထွန်း၍  ယင်းသို့  ရွာဘုံဆန စုဆောင်းရေ အစီအစဉ်မှာလည်း မပြုလုပ်နိုင်ခဲ့ဟု သိရသည်။ (NN-13)

 

(ပုံစာ- တာတမံကျိုး၍ စိုက်ပျိုးလယ်မြေများကို ဆားငံရေများ ဝင်ရောက်လာသည်ကို တွေ့ရစဉ်။)

ဆက်စပ် သတင်းများ