တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တစ်လကျော်အတွင်း ရခိုင်တွင် ကြိုးဆွဲချသေဆုံးသူ ၃ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6.1k

ကျောက်ဖြူတွင် စိတ်ဝေဒနာရှင်အမျိုးသမီးငယ်တစ်ဦး ယခုလ ၂၆ ရက်က ကြိုးဆွဲချသေဆုံး

နိရဥ္စရာ၊ မတ် ၂၇ / ၂၀၂၃

ရခိုင်ပြည်နယ်တွင် တစ်လကျော်အတွင်း ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားသူ ၃ ဦးရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ မတ်လ ၂၆ ရက်ညအချိန်က ကျောက်ဖြူမြို့တွင် စိတ်ဝေဒနာရှင် အမျိုးသမီးငယ်တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်မှ အသက် ၁၇ နှစ်အရွယ် မရွှေဇာလင်းဖြစ်သည်။

သူမသည် ယမန်နေ့ ည ၉ နာရီခွဲက ၄င်း၏နေအိမ်မီးဖိုခန်းမှ သစ်သားထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြော င်း စေတီယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောမြင့်လွင်က နိရဥ္စရာသို့ ပြောသည်။

"မနေ့ညပိုင်းကဖြစ်သွားတာပါ။ ကြိုးဆွဲချတာက နေအိမ်မီးဖိုခန်းထဲမှာပါ"ဟု ပြောသည်။

သူမ မိဘများသည် ယနေ့နံနက်တွင် စျေး၌ရောင်းရန် ပန်းများအား ယမန်နေ့ညက သွားဝယ်နေစဉ် သမီးဖြစ်သူသည် ယခုကဲ့သို့ မိမိကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ဆက်ပြောသည်။

"သူက စိတ်ဝေဒနာခံစားနေရတာပါ။ သူ့မှာ ဆေးကုနေရတဲ့ ဆေးစာအုပ်တွေလည်းရှိတယ်" ဟု ပြောသည်။

ကြိုးဆွဲချသေဆုံးသည့် သူမ၏ အလောင်းကို မတ်လ ၂၆ ရက်ည ၁၀ နာရီတွင် ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတ ပရဟိတအသင်းက သွားရောက်ယူဆောင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယခုလ မတ်လ ၁၉ ရက်၊ ညဉ့် ၂ နာရီခန့်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် ၁၃ မှ ဦးမောင်ဦး(၅၁)နှစ်မှာ ၄င်း၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း စစ်တွေမြို့နယ်၊ မောင်နီပြင်ကျေးရွာမှ ၉ တန်းကျောင်းသူ မဖြိုးနွယ်ဦး(ခ) မိနီမ (၁၇)နှစ်သည် ကြိုးဆွဲချအဆုံးစီရင်ခဲ့သည်။

ရခိုင်တွင် မိမိကိုယ်ကိုယ်အဆုံးစီရင်မှုများ တဖြည်းဖြည်းတိုးလာနေပြီး စစ်တွေမြို့နယ် တစ်ခုတည်း အတွင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်း ကြိုးဆွဲချသေဆုံးသူ ၇ ဦးအထိရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများ၏ စာရင်းမှတ်တမ်းများ အရ သိရသည်။  (NN-23)

ဓာတ်ပုံ- လေးဝတီကုလရက္ခိတပရဟိတအသင်း

ဆက်စပ် သတင်းများ