တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးစျေးထဲတွင် လူတစ်ဦး ရုတ်တရက် လဲကျသေဆုံးမှု အပူချိန်မြင့်၍ ဖြစ်နိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

နိရဉ္စရာ၊ ဧပြီ ၂၂ / ၂၀၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့မစျေးထဲတွင် ယနေ့ ဧပြီလ ၂၂ ရက်၊ နံနက် ၉ နာရီခန့်က လူတစ်ဦး ရုတ်တရက်လဲကျပြီး သေဆုံးသွားခြင်းမှာ အပူချိန်မြင့်မား၍ ဖြစ်နိုင်ကြောင်း မြောက်ဦးစျေးထဲက ဒေသခံတစ်ဦးက ပြောသည်။

"သူက စျေးဝယ်ဖို့လာတယ်။ အဲဒီအချိန်မှာ လဲကျသွားပြီးတော့ တခါတည်း အသက်ငင်ပြီးတော့ သေဆုံးသွားပါတယ သေဆုံးသွားတဲ့ သူမှာ ဘာရောဂါရှိတာ မသိရပေမယ့် အပူချိန်မြင့်မားမှုကြောင့ ဖြစ်နိုင်တယ်လို့ ပြောဆိုသုံးသပ်မှုတွေ ရှိနေပါတယ်၎င်းက ဆက်ပြောသည်။

သေဆုံးသွားသူမှာ အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်ဇာတိဖြစ်ကာ လက်ရှိ ပရိန်ကုန်း ကျေးရွာတွင် အိမ်ထောင်ကျနေသူဖြစ်သည်ဟု သိရသည်။

သူ၏အလောင်းအား တွေ့ရှိပြီးနောက် မြောက်ဦးဆေးရုံသို့ ယူဆောင်သွားဟုလည်း သိရသဖြင့် သေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန် ဆေးရုံသို့ ဖုန်းဆက်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။


ရခိုင်တွင် ဧပြီလဒုတိယပတ်မှစတင်ကာ အပူချိန်များ သိသိသာသာမြင့်တက်လျက်ရှိရာ မြောက်ဦးတွင်လည်း နေ့လယ်ဘက် အပူချိန်မှာ မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။ (NN - 21)

photo - fb

ဆက်စပ် သတင်းများ