သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့မှ ဦးအေးထွန်းဖမ်းဆီးခေါ်ဆောင်ခံရခြင်းဟုတ်မှန်ဟု မိသားစုအတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5.7k

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၃ဝ/ ၂ဝ၂၁

 

ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နာပေါ်တွင် အမျိုးမျိုးသော ဝေဖန်တိုက်ခိုက်စာများရေးသား၍ လူသိများလာသူ  ဦးအေးထွန်း(ခ) အေးထွန်းဘုအား အမည်မသိလူတစ်စုမှ ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုများက အတည်ပြုပြေားကြားသည်။

 

ဦးအေးထွန်းကို ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် မိသားစုဝင်များနှင့်အတူသွားရောက်ပြီး အပြန်တွင် တရားသီးစုရပ်ကွက်ရှိ ဒေသန္တရာဆေးခန်းရှေ့တွင် အမည်မသိလူတစ်စုမှ ကားဖြင့် တင်ဆောင်ခေါ်သွားခြင်းဖြစ်ကြောင်းသူ၏ အစ်ကိုဖြစ်သူ ဦးစောမောင်ကပြောသည်။

 

ဆေးခန်းကအထွက်မှာ ခေါ်သွားတာပါ။ ရိုက်တာနှက်တာတွေတော့မရှိပါဘူး။ ဒီလိုပဲ ကားပေါ် တင်ခေါ်သွားတာပါ။ သူနဲ့သားသမီးတွေလည်းဆေးခန်းသွားတုန်းက ပါတယ်။ သူတို့လည်း မြင်လိုက်ပါတယ်။ သားသမီးတွေကတော့ အဖေဖြစ်သူကို ဘာမှမဖြစ်ပဲ ပြန်လွတ်လာဖို့ မျှော်လင့်တာပေါ့ဟုပြောသည်။

 

ဦးအေးထွန်းသည် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက် ၊ ချင်းပျံလမ်းတွင် နေထိုင်သူဖြစ်ပြီး NLD ကို ထောက်ခံသည့် ပို့စ်များရေးသားခြင်း၊  NLD ကိုဆန့်ကျင်သူများကို အပုတ်ချသည့်စာများရေးသားခြင်း၊ ရံဖန်ရံခါ ရက္ခိုင့်တပ်တော်  (AA) အား စော်ကားသည့် ပို့စ်များရေးတင်ခြင်း၊ စစ်တပ်ကိုလည်း ထိုနည်းတူ ဝေဖန်ရှုပ်ချသည့် ပို့စ်များရေးသားသူဖြစ်ကြောင်း သိရသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုန်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူနှင့် စစ်တွေမြို့အမှတ်(၁) ရဲစခန်းမှ တာဝန်ကျအရာရှိတို့အားဆက်သွယ်မေးမြန်ရာ ၄င်းတို့အနေဖြင့် သိရှိခြင်းမရှိသေးကြောင်း ပြောသည်။

ဆက်စပ် သတင်းများ