သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် (၁၄) ကြိမ်မြောက်ညမထွက်ရအမိန့်ကို နှစ်လထပ်တိုးထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 2.1k

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇွန်၄/ ၂ဝ၂၁

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်  (၁၄) ကြိမ်မြောက် ညမထွက်ရအမိန့်ကို  နောက်ထပ် နှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဇွန် ၂ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးထုတ်ပြန်သည်

 

ထုတ်ပြန်ချက်အထဲတွင် ရသေ့တောင်မြို့နယ် နယ်နမိတ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူတို့ သွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ည ၂၁၀၀ နာရီမှ နံနက် ၀၅၀၀ နာရီ အတွင်းသွားလာခွင့်မပြုရန် ညမထွက်ရအမိန့်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်လိုက်သည်ဟု ပါရှိသည်။

 

၎င်းညမထွက်ရ အမိန့်အား မန်နေ့ ညနေ  ၃ နာရီခန့်က ရသေ့တောင်မြို့ကိုပတ်၍ လော်စပီကာဖြင့် လှည့်လည်ထုတ်ပြန်သွားခဲ့သည်ဟု ရသေ့တောင်မြို့ဒေသခံတစ်ဦးဖြစ်သူ ကိုဇော်ဇော်ဦးက ပြောသည်။

 

ဒီနေ့ကစပြီး ၉ နာရီကနေ မနက် ၅ နာရီ မထွက်ရဘူး။ အမိန့်က နှစ်လတိတိပြည့်တဲ့နေ့ အထိပါတဲ့။ ညမထွက်ရအမိန့်ထုတ်ရင် မနက်အစောကြီး အလုပ်သွားလို့မရတော့ဘူးပေါ့။ တစ်နေ့စာတစ်နေ့ရှာစားနေရတဲ့လူတွေအခက်အခဲဖြစ်ပြီးပေါ့ဗျာ။ ညမထွက်ရအမိန့်က မရှိလေကောင်းလေပါ။ဟုပြောသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ၄င်းတို့အနေဖြင့် ပုံမှန်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းပြောသည်။

 

ညမထွက်ရအမိန့်က အရင်ကတည်းက ထုတ်ထားတာပါ။ နှစ်လတစ်ခါထပ်တိုးတဲ့သဘောပါ။ ပြည်နယ်အလိုက်ညွှန်ကြားချက်အတိုင်းလုပ်တာပါ ဟုပြောသည်။

 

ရသေ့တောင်မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်နေ့မှ စတင်ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်ချက်သည် (၁၄) ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

 

ယမန်နေ့ကဇွန်လ ၂ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်တွင် ည ၉ နာရီမှ  နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို (၂) လသို့ထိ တိုးပြီးထုတ်ပြန်ထားသည်။

 

ဆက်စပ် သတင်းများ