အောင်ဇံ
နိရဉ္စရာ၊
သြဂုတ် ၆ /၂၀၂၁
ရခိုင်
ပြည်နယ်အစိုးရအဖွဲ့( ယခင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ)၏ ယမန်နေ့ သြဂုတ်လ ၅
ရက်နေ့က အစည်းအဝေးတွင်
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့်ကိုဗစ်ကာကွယ်ရေးအတွက် နေ့/ည
လှည့်ကင်းများ ဆောင်ရွက်မည် ဖြစ်သလို ဧည့်စာရင်းတိုင်ကြားခြင်း၊ စစ်ဆေးခြင်းများလည်း
ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ဆုံးဖြတ်
ဆောင်ရွက်ခြင်းသည် ရခိုင် ပြည်နယ် ၏ လက်ရှိအခြေအနေနှင့်
ကိုက်ညီနိုင်မှုရှိ ၊မရှိကို ရခိုင်ပြည်နယ်က နိုင်ငံရေးလေ့လာ သုံးသပ်သူများနဲ့
တက်ကြွလှုပ်ရှားသူ
တချို့ ဆက်သွယ်မေးမြန်းပြီး တင်ပြပေးလိုက်ပါသည်။
--------
ဦးဖေသန်း(
မူဝါဒရေးရာဦးဆောင်ကော်မတီဝင်၊ ရခိုင်အမျိုးသားပါတီ)
-အဓိက ကတော့
နယ်မြေတစ်ခုနဲ့တစ်ခုမတူဘူးပေါ့။ULA စိုးမိုးထားတဲ့နယ်မြေရှိမယ်။ ပြီးတော့ အစိုးရ အာဏာစက်ဖြန့်ကျက်ထာ တဲ့နေရာတွေ
ရှိတယ်ဆိုတော့ နယ်မြေတစ်ခုနဲ့တစ်ခု အခြေအနေချင်း မတူဘူးပေါ့။အထူးသဖြင့်
မြို့ပေါ်မှာဆိုရင်တော့အစိုးရဖက်က လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ရခိုင်ပြည် နယ်တောင်ပိုင်းကမြို့တွေမှာတော့
သူတို့အဲ့လို ဧည့်စာရင်းစစ်တာတို့ နယ်မြေလုံခြုံရေးအခြေအနေအရ လုပ်တာတွေ
ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် မြို့ နယ်အများအပြားမှာတော့ သူတို့
အဲ့လိုစစ်လို့ ရနိုင်တော့မယ် မထင်ဘူး။မြို့ပေါ်လောက်ပဲ
သူတို့ရနိုင်မှာပေါ့။ နယ်တွေမှာတော့ သူတို့အဲ့လိုစစ်လို့ရနိုင်မယ့် အခြေအနေ
မရှိဘူးလို့ မြင်တယ်။ လုံခြုံရေး ဆိုတာကတော့ သူတို့ ဧည့်စာရင်းဥပဒေကို
ပြန်ပြင်လိုက်တဲ့ အခါမှာ သူတို့ပြန်စစ်ခွင့်ရသွားတာပေါ့။
သူတို့လုံခြုံရေးဆိုတာ
လုံခြုံရေးရယ်လို့တော့မဟုတ်ဘူးပေါ့ အခြားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊
တပ်တော်က အဝင်အထွက်ရှိမယ့် ကိစ္စတွေ အဲ့ဒါတွေလည်း သူတို့ ထိန်းချုပ်ချင်ပုံရပါတယ်။
သူတို့ဖက်က သူတို့လုပ်နိုင်တဲ့နယ်မြေတွေမှာ
လုပ်နိုင်လိမ့်မယ် တချို့နယ်မြေတွေမှာတော့ အထူးသဖြင့်
နယ်ပိုင်းတွေမှာပေါ့ သူတို့လုပ်နိုင်စရာ အကြောင်း မရှိဘူးလို့ မြင်ပါတယ်။
------------
ဦးခိုင်ကောင်းစံ(
ဥက္ကဌ၊ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)
-ဒါက ထူးခြားမှု
တစ်ခုလို့ပြောရမှာပေါ့။ အရင် ကိုဗစ်ပထမ၊ ဒုတိယ လှိုင်းတွေတုန်းကလည်း
ဧည့်စာရင်း စစ်တာမျိုးတွေ မရှိခဲ့ဘူးပေါ့။ ပြောရရင် ရခိုင်က ကျန်တဲ့
တိုင်းနဲ့ပြည်နယ်တွေနဲ့ မတူဘူး။ တည်ငြိမ်နေတယ်ပေါ့လေ။ စကားပုံတစ်ခုရှိတယ်၊
“ထိုင်နေအကောင်းသား
ထသွားမှ ကျိုးမှန်းသိ” ဆိုသလို အစိုးရအနေနဲ့
တကယ်ရော လုပ်နိုင်မလား။ တကယ် သက်ရောက်မှာလား။ ဥပမာစစ်တွေမြို့ တစ်မြို့တည်းကို
စစ်မှာလား မြို့ပေါ်အကုန်လုံးရော စစ်မှာလား ။ ကိုဗစ်အတွက် ဆိုရင်လည်း ဒါက
Stay at Home လုပ်လိုက်ရင်
ရတာပေါ့။ အစိုးရက Stay at Home ကြေညာလိုက်ရင်
ပြည်သူတွေက အပြင်မထွက်ကြဘူး။ ကူးလူးဆက်ဆံမှု မလုပ်ကြဘူးပေါ့။ဧည့်စာရင်းစစ်တယ်ဆိုတာကလည်း
ရန်ကုန်တို့ ဘာတို့မှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကတည်းကပေါ့ ဧည့်စာရင်း စစ်တာတွေ ရှိခဲ့တယ်ပေါ့။
ကိုဗစ်ကြောင့် ဧည့်စာရင်းစစ်တယ်ဆိုတာက အကြောင်းပြချက်တစ်ခုပဲ ဖြစ်တယ်။
ကိုဗစ်အတွက် ဧည့်စာရင်း စစ်တယ်ဆိုတော့ ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခု မဟုတ်ဘူး။ ခုနက ပြောသလို အစိုးရတရပ်အနေနဲ့ တကယ်လုပ်နိုင်ရဲ့လား။
ကိုယ်လုပ်တဲ့အလုပ်က တကယ်
ထိရောက်မှုရော ရှိမလား။တည်ငြိမ်နေတဲ့ရခိုင်ပြည်ကို
လှုံ့ဆော်သလိုမျိုးဖြစ်သွားရင်လည်းမကောင်း ဘူးပေါ့။ ULA
ထိန်းကျောင်း
နယ်မြေတွေမှာ ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ပေါ့။အဲ့ဒီ
လို ဖြစ်တယ်ဆိုရင် ဘယ်လိုပဲပြောပြော ULA နဲ့စစ်တပ်ကြားမှာ ယုံကြည်မှုတည်ဆောက်နေတာတွေ ပျက်ပြားမှာတော့
စိုးရိမ်ရတယ်။ ပြီးတော့ ဧည့်စာရင်းစစ်ရင် မောင်တောလို
နယ်စပ်ဖြစ်ပြီး ကိုင်ကွယ်ရခက်တဲ့ နေရာတွေမှာ လုပ်နိုင်မလားပေါ့။
ကင်းလှည့် တယ်ဆိုတာကလည်း လူတွေကို လုံခြုံအောင်လုပ်ရမှာ၊ ကင်းလှည့်လို့
လူတွေ အထိတ်တလန့် မဖြစ်ဖို့လည်း လိုတာပေါ့။
-----------------
ဦးထွန်းကြည်
( ရခိုင်အရေးလေ့လာသုံးသပ်သူ/ ကျောက်ဖြူ)
-ကျွန်တော်မြင်တာကတော့ ဒီလက်ရှိ
ရခိုင်ပြည်မှာ ဘယ်လိုဟာကို အကြောင်းပြပြီးတော့ ဧည့်စာရင်း စစ်မယ်ဆိုပြီး ဆုံးဖြတ်ကြ သလဲပေါ့။
ဒါက အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ဒေသ မတည်ငြိမ်မှုကြောင့်လား။
ဒါမှမဟုတ် အစိုးရအနေနဲ့ ဘယ်လို မသင်္ကာမှုတွေနဲ့ ဒီဥပဒေကို
အကောင်အထည်ဖော်လဲ ဆိုတာ ကျနော့်အနေနဲ့ စဥ်းစားရခက်တယ်။ ဘာလို့လဲဆိုတော့
ရခိုင်ပြည်နယ်က ဒီရွေးကောက်ပွဲပြီး ကတည်းက အေအေ
နဲ့စစ်တပ်ကြားမှာ အပစ်ရပ်စဲထားတာတွေ တွေ့တယ်ပေါ့။ အပစ်ရပ်ပြီးတဲ့နောက်ပိုင်း
ရခိုင်ပြည်နယ်ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာမှာ တည်ငြိမ်မှု
ရှိတယ်ဆိုတာကို တွေ့ရတယ်။ ဘာကြောင့် ဒီစစ်တပ်နဲ့ရဲပေါင်းပြီး
ကင်းလှည့်တာမျိုး
လုပ်ဖို့ လိုအပ်သလဲ ဆိုတာကို ကျနော်တို့မေးခွန်း ထုတ်စရာ ရှိတယ်။
ဒုတိယ အချက်ကတော့
အေအေ က
ထုတ်ပြန်ထားတဲ့ Covid -19စည်းမျည်းတွေပေါ့
။ Covid -19စည်းမျည်းတွေက
အေအေ ကပဲထုတ်ထုတ် အစိုးရကပဲ ထုတ်ထုတ် လူတွေ တောက်လျှောက်သေနေတဲ့
ကိစ္စဖြစ်တဲ့အတွက် ဒီရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့က အရေးကြီးသလို ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို
ကာကွယ်တာလည်းဖြစ်တယ်။ ကျွန်တော်မြင်တာက ရခိုင်
ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ကိုဗစ်ပပျောက်ရေးအတွက်ဆိုရင်တော့ အေအေနဲ့
လက်ရှိအိမ်စောင့်အစိုးရကြားမှာ ဆွေးနွေးဖို့လိုမယ်။ ဧည့်စာရင်း စစ်တာတို့
ကင်းလှည့်ပြီးတော့ စစ်ဆေးတာတို့၊ရှာဖွေတာတို့ကို အကြောင်းပြချက်မရှိပဲ
လူတိုင်းကိုလုပ်နေမယ်ဆိုရင် လူတွေကို စိတ်အနှောင့်အရှက် ဖြစ်တာပဲ
အဖတ်တင်မယ်။ထိရောက်တဲ့ လုပ်ငန်းတစ်ခုလို့ ကျနော့်အနေနဲ့
မမြင်ဘူး။ နောက်တချက်က ရခိုင်ပြည်မှာ ဧည့်စာရင်း စစ်ရလောက်အောင်ထိ မတည်ငြိမ်မှုမျိုး၊
အထွက်အဝင်ရှိတာမျိုး မတွေ့ရဘူး။ ဘာကြောင့်သူတို့အနေနဲ့ ဒီလိုမျိုး လုပ်လာတယ်ဆိုတာ စဥ်းစားလို့ကို
မရဘူး။
------------
ဦးဇော်ဇော်ထွန်း(
အတွင်းရေးမှူး ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး- REC)
-ကိုဗစ်ကတော့
ခက်ခဲမှုတွေရှိနိုင်တာပေါ့။
ကိုဗစ်မှာလူတွေက အပြင်မထွက်ကြတဲ့အခါမှာတော့ လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုကတော့
တစိတ်တပိုင်းပါကောင်းပါပါလိမ့်မယ်။ ဒါပေမဲ့ အဓိကအချက်တော့မဟုတ်ဘူး။ ကျွန်တော်သုံးသပ်ချက်ကတော့ အဓိကက
အေအေဘက်က အသံဗုံးနဲ့ဖောက်ခွဲသတိပေးတာတွေရှိတယ်။ နောက်ပြီးတော့မှ
တစ်ချို့မြို့နယ်တွေမှာ အရေးယူမှုတွေ ရှိလာတော့ စစ်တပ်ဖက်ကနေပြီးတော့ ဒီအပေါ်မှာ
သူတို့အတွက်ကို စိုးရိမ်စရာဖြစ်နေကောင်းလည်း ဖြစ်ပါလိမ့်မယ်။ ဒီအတွက်ကိုပဲ
သူတို့က ဧည့်စာရင်းစစ်ဆေးမယ်ဆိုတဲ့
ကိစ္စမျိုးတွေက မလိုအပ်တာလို့ဘဲ ကျွန်တော်တို့က သုံးသပ်ပါတယ်။ တစ်ဖက်ကကျတော့
ဒီလုံခြုံရေးကိုအကြောင်းပြပြီး ဧည့်စာရင်း စစ်တာမျိုးပေါ့နော်။ ဒီလောက်အထိလုပ်ဆောင်ဖို့အတွက်ကတော့ မလိုလောက်ဘူးလို့
ကျွန်တော်ကထင်တယ်။ လုံခြုံရေးဆိုင်ရာ အခြားအစီအမံတွေလုပ်ရင်ရတယ်ပေါ့။
နောက်အခုလိုလူတွေက အကုန်လုံး ဒီစိုးရိမ်စိတ်တွေနဲ့နေကြရတဲ့အချိန်မှာ
အခုလိုမျိုးဧည့်စာရင်းစစ်တာမျိုးတွေကတော့ လူထုကို ပိုပြီးတော့မှ
စိုးရိမ်စိတ်တွေပိုများစေတဲ့ကိစ္စလို့ပဲ ကျွန်တော်ကပြောချင်ပါတယ်။
(ပြီး)