“ ဒီဖက်ကလည်း ၅၀ ဟိုဖက်ကလည်း ၅၀၊ ဘယ်ဖက်ကမှ
မနိုင်လို့ ညှိနှိုင်းကြပါလို့ပြောတာက
တော်လှန်ရေးကိုပုံပျက်အောင်
လမ်းကြောင်းလွဲအောင် လုပ်နေကြတာလို့
ပြောချင်ပါတယ်”
ပအိုဝ်းအမျိုးသား
ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း နဲ့ ဆက်သွယ်မေးမြန်းချက်
မေး- ဆရာ
ဦးခွန်မြင့်ထွန်း မင်္ဂလာပါခင်ဗျ။
ဖြေ- ဟုတ်ကဲ့
မင်္ဂလာပါခင်ဗျ။
မေး-ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က
စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတစ်ခုမှာပေါ့လေ။ ဗိုလ်ချုပ် ဇော်မင်းထွန်းက တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်
NCA ကို ဆက်ပြီး
အကောင်အထည်ဖော်မှာဖြစ်သလို
ငြိမ်းချမ်းရေးဆက်ပြီးဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးတဲ့အထဲပါခဲ့တဲ့
အင်အားကြီးအဖွဲ့ KNU
ကရင်အမျိုးသားအစည်းအရုံး
ကတော့ ဒီ NCA က ပျက်ပြယ်သွားပြီလို့ ပြောထားတယ်။ နောက် KIA တို့ CNF
တို့ KNPP တို့ကလည်း အခုနွေဦး
တော်လှန်ရေး
ထဲမှာ ပါဝင်ပတ်သက်နေကြတယ်ပေါ့လေ။ ဒီ NCA
ကို ဆက်ပြီး
ရပ်တည်ဦးမယ်လို့
တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ကလည်း ပြောနေတယ်။ NCA
အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ
သဘောထားကွဲလွဲနေကြတာ ဘာတွေကြောင့်များလဲ။
ဖြေ- ဟုတ်ကဲ့၊ ကျွန်တော်တို့က
NCA နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ဒီစာချုပ်ဟာ ကျွန်တော်တို့
တိုင်းပြည်မှာ
ဖက်ဒရယ်စနစ်ကိုထူထောင်မယ် ဖက်ဒရယ်မူကို တရားဝင် စာနဲ့ ပေနဲ့
ရေးပြီးတော့
လက်ခံသဘောတူချုပ်ဆိုကြတာကတော့ ဒီ NCA
ဖြစ်ပါတယ်။ သို့သော်လည်း ဒီ NCA
ကို ဖော်ဆောင်ပြီးလုပ်မယ့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို စစ်တပ်က အာဏာသိမ်းပြီး ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးက
ပျက်သွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအပေါ်မှာ အမြင်တွေ
အမျိုးမျိုးကွာလာကြတာဖြစ်ပါတယ်။ ကျွန်တော်မြင်တဲ့
အမြင်ကတော့ ပင်လုံစာချုပ်ဆိုတာရှိတယ်။ ပင်လုံစာချုပ်မှာပါတဲ့အချက်အလက်များဆိုတာထက်
ပင်လုံရဲ့ကတိကဝတ်တွေ
ပင်လုံစာချုပ်ရဲ့ အနှစ် သာရတွေ
ဒါတွေကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ဖို့ကို ကြိုးပမ်းဆောင်ရွက်နေကြရတာဖြစ်ပါ တယ်။ NCA စာချုပ်မှာ နိုင်ငံရေးပြဿနာကို
နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ အနှစ်သာရမျိုးရှိပါတယ်။ နောက်တစ်ခုက ဖက်ဒရယ်ပြည်ထောင်စုကို
မဖြစ်မနေထူထောင်မယ်ဆိုတာပါတယ်။
အဲဒါအနှစ်သာရ တစ်ခုဖြစ်ပါတယ်။ ပြည်သူလူထုရဲ့
အသက်အိုးအိမ်စည်းစိမ်ကို အားလုံးက ကာကွယ် စောင့်ရှောက်ရမယ်။ အဲဒါအနှစ်သာရဖြစ်ပါတယ်။ အဲဒါ NCA
ရဲ့ အနှစ်သာရ ၃ ချက်ကို
ပြစ်ပယ်လို့မရပါဘူး။ ကျွန်တော်တို့
ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
နိုင်ငံရေးဆွေးနွေးပွဲတွေ
အောင်မြင်ဖို့အတွက် အဓိကအချက်က
ပြည်သူလူ ထုရဲ့ ပါဝင်မှုဖြစ်ပါတယ်။ ဒီစာချုပ်ကိုဖျက်ဆီးဖို့က
အဖွဲ့အစည်းတစ်ခုအပေါ်မှာမရှိပါဘူး။ ဘယ်သူကမှ
ပယ်ဖျက်ခွင့်မရှိပါဘူး။ ဒီစာချုပ်ကို
ပယ်ဖျက်ချင်ရင်
အားလုံးလက်မှတ်ထိုးထားတဲ့သူတွေပြန်ခေါ်ပြီးမှ ပယ်ဖျက်ကြောင်း ကြေညာရတယ်။ ဒါကြောင့် NCA စာချုပ်က စာချုပ်အတိုင်းရှိမယ်။ ထွက်ချင်တဲ့သူက ထွက်သွားလို့ရတယ်။ အစိုးရ၊
တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရော ဘယ်သူ ကမှ ပယ်ဖျက်ခွင့်မရှိဘူး။ ဒါက
စာချုပ်ရဲ့သဘောတရားဖြစ်ပါတယ်။ သို့သော်လည်း ဒီနေ့အချိန်မှာ NCA စာချုပ်ကိုအကောင်အထည်ဖော်မယ်ဆိုရင်ကတော့ အများကြီးဝေးကွာသွားခဲ့ပြီဖြစ်ပါတယ်။ သို့သော် လည်း NCA ရဲ့ အနှစ်သာရတွေကိုင်ပြီး တိုင်းပြည်ကို ဆက်လက်သွားရမှာဖြစ်ပါတယ်။
မေး- ဆရာခုနကပြောသလိုပေါ့။ NCA ရဲ့
အနှစ်သာရထဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကောင်းကျိုး
ပြုနိုင်မယ်ဆိုရင်
ဒီအနှစ်သာရတွေနဲ့ပဲဆက်ပြီးသွားသင့်သလား။ ဒီ NCA အနှစ်သာရအပြင် နောက်ထပ်ဘာ တွေထပ်ပြီးလိုဦးမလဲ။
ဖြေ- NCA
ရဲ့ အနှစ်သာရဖြစ်တဲ့ လောလောဆယ်ဆယ်
ဖက်ဒရယ်ပြည်ထောင်စုကို
မထူထောင်နိုင်သေးဘူး။ ရတယ်။ နိုင်ငံရေးပြဿနာတွေကို
နိုင်ငံရေးနည်းနဲ့မဖြေရှင်းနိုင်သေးဘူး ရတယ်။ သို့သော်လည်း ပြည်
သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ် အဲဒီအချက်ကတော့ NCA လက်
မှတ်ရေးထိုးထားတဲ့သူတွေဆီမှာ တာဝန်ရှိတာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ပြည်သူလူထုကို လေယာဉ်တွေနဲ့ လက်နက်ကြီးတွေနဲ့
ပစ်ခတ်သတ်ဖြတ်နေတယ်။
တနည်းအားဖြင့်ပြောရရင် ပြည်သူလူ
ထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို
စစ်တပ်က ဖျက်ဆီးနေတယ်။ အဲဒါကို
ကာကွယ်ရမယ့်တာဝန်ဟာ NCA
လက်မှတ်ရေးထိုးကြတဲ့သူတွေ
အားလုံးမှာ တာဝန်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည် ဖော်မယ်ဆိုရင်တော့
ဒီ NCA မှာ ပြဌာန်းထားတဲ့ အခြေအနေ တွေနဲ့တော့ မလုံလောက်တော့ပါဘူး။ NCA
အတိုင်းဆက်ပြီးသွားမယ်ဆိုတာတော့
မဖြစ်နိုင်တော့ပါဘူး။ အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့
အစိုးရ လွှတ်တော်တို့နဲ့ အခုမရတော့ဘူး။ အခုနွေဦးတော်လှန်ရေးမှာ
Stateholder တွေအများကြီးပေါ်လာတယ်။ ထိုနည်းတူပဲ ဆွေးနွေးရမယ့် ပြောဆိုရမယ့်ဟာတွေ
ဒီထက်ပိုမိုကျယ်ပြန့်တဲ့ NCA ထက်ကို ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ ရယူပြီးမှ နိုင်ငံရေးဆွေးနွေးနိုင်မယ်လို့
ထင်ပါတယ်။
မေး- ငြိမ်းချမ်းရေးဆွေးနွေးကြဖို့
အာဆီယံအပါအဝင် နိုင်ငံတကာက
တိုက်တွန်းနေတယ်။ ဒါပေမယ့် စစ်ကောင်စီဖက်က
မလိုက်နာဘူး။
စစ်ကောင်စီကိုတော်လှန်နေတဲ့သူတွေကလည်း စားပွဲဝိုင်းပေါ်တက်
လာဖို့ မရှိဘူးဖြစ်နေတယ်။ အဲတော့
စစ်မီးကဆက်ပြီးတော့လောင်နေဦးမှာလား။ စစ်မီးငြိမ်းဖို့
ဘာတွေ လိုအပ်နေပါသေးလဲ။
ဖြေ- ကျွန်တော်မြင်တာကတော့
တော်လှန်ရေးဖက်ကရပ်တည်တဲ့သဘောထားနဲ့ စစ်ကောင်စီဖက်က
ရပ်တည်တဲ့သဘောထား မတူဘူးလို့ ကျွန်တော်ထင်တယ်။ စစ်တပ်က တော်လှန်ရေး အစပိုင်းမှာ သူက တစ်ရာရှိတယ်။ အဲဒီတစ်ရာကနေ သူက ၅၀ ကိုကျလာတယ်။ နောက် ၄၀ ၊ ၃၀ တောက်လျှောက်ကိုကျ လာတယ်။ ကျွန်တော်တို့က
နွေဦးတော်လှန်ရေးမှာ လူထုက နောက်ဆုံးရရာလက်နက်စွဲကိုင်ပြီး သုည ဘဝကနေစရတယ်။ အခု ၅၀ ရောက်ပြီ။ နောက်ထပ် ၆၀
ရောက်သွားမှာဖြစ်တယ်။ ဒီနေရာမှာ
နိုင်ငံတကာက ကျွန်တော်တို့ရဲ့မိတ်ဆွေတွေရော
အချို့သောပုဂ္ဂိုလ်တွေ လွဲလွဲမှားမှား သုံးသပ်နေကြတာ က ဒီဖက်ကလည်း ၅၀၊ ဟိုဖက်ကလည်း ၅၀
ဘယ်ဖက်ကမှ မနိုင်လို့ ညှိနှိုင်းကြပါလို့ပြောတာက တော်လှန်ရေးကိုပုံပျက်အောင် လမ်းကြောင်းလွဲအောင် လုပ်နေကြတာလို့
တင်ပြချင်ပါတယ်။
ဘာကြောင့်လဲဆိုရင် စစ်အုပ်စုက
၅၀ ကနေ နောက်ထပ်ကျဖို့ပဲရှိတော့တယ်။ ကျွန်တော်တို့
တော်လှန်ရေးက
ဒီထက်အရှိန်တက်လာဖို့ပဲရှိတယ်။ တွေ့ဆုံဆွေးနွေးမှရမယ်ဆိုတဲ့ဟာမျိုး ငြိမ်းချမ်းရေးပုံဖော်မှရမယ့်ဟာမျိုးဆိုတာကတော့ လမ်းကြောင်းလွဲအောင်လုပ်တာဖြစ်သလို တကယ့်
ငြိမ်းချမ်းရေးဖြစ်စဉ်ရမှာမဟုတ်ဘူး။ စစ်အုပ်စု ရှုံးမှာကြောက်လို့၊ စစ်အုပ်စုဖက်ကနေ
အကာအကွယ်ပေး ပြောနေကြတာလို့ မြင်ပါတယ်။ ဒီကာလမှာ
စစ်အုပ်စုကို အလျော့ပေးပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေး
မယ်ဆိုတဲ့ မူနဲ့သွားပြီးတော့ဆက်ဆံလို့မရဘူး။ စစ်အာဏာရှင်စနစ်ကို
အပြီးတိုင် ဖယ်ရှားရမှာဖြစ်တယ်။ ဒါမှလည်း ကျွန်တော်တို့
ဖက်ဒရယ်ပြည်ထောင်စုကို
ရေရှည်မှာထူထောင်နိုင်မှာဖြစ်တယ်။
မေး- စစ်ကောင်စီက PDF တွေကို အကြမ်းဖက်အဖွဲ့တွေဆိုပြီးတော့ သူတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ
ပါဝင်ခွင့်မပြုနိုင်ဘူးပေါ့။ NCA မှာ လက်မှတ်ထိုးပြီးသားပဲဖြစ်ဖြစ် လက်မှတ်မထိုးရသေးဘဲဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့တွေကိုတော့
ပါဝင်ခွင့်ပြုထားတယ်ပေါ့။ ဒါပေမယ့်လည်း တစ်ပြည်လုံး
အတိုင်းအတာအနေ နဲ့ PDF တွေရော EAOs
တွေရော ပူးပေါင်းပြီးတော်လှန်ရေးမှာ
ဆင်နွှဲနေကြတယ် ဆိုတော့ စစ်ကောင်စီက ဦးဆောင်လုပ်မယ့်ငြိမ်းချမ်းရေးက ဘယ်လို
ငြိမ်းချမ်းရေးမျိုးဖြစ်နိုင်မလဲ။
ဖြေ- ဒီငြိမ်းချမ်းရေးဖြစ်စဉ်အကောင်အထည်ဖော်လာကြတာကတော့
ဗိုလ်ချုပ် ခင်ညွန့် လက်ထက်ကဆိုရင် ၁၉၈၈
ရှစ်လေးလုံးအရေးတော်ပုံအလွန်မှာလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး
ဖြစ်စဉ်ဆိုတာကတော့ အဲဒီကာလမှာ ၁၉၉၀ ရွေးကောက်ပွဲကြီးက
ထင်ထင်ရှားရှားရှိတယ်။ သူတို့ရဲ့ ကတိကဝတ်ကလည်း
အာဏာလွှဲပေးမယ်ပြောထားတယ်။ အာဏာမလွှဲနိုင်တဲ့အခါကျတော့
လမ်းလွှဲနိုင်မယ့် နည်းလမ်းတွေနဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာမျိုးတွေနဲ့
လုပ်ခဲ့တာဖြစ်ပါတယ်။
ဒီမိုကရေစီအရေးက အရမ်းအားကောင်း
လာတဲ့အချိန်မှာ
တိုင်းရင်းသားအရေးကိုဦးစာပေးသလိုလိုနဲ့ အဲဒီအရေးနှစ်ခုကို
အခုလိုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလည်း
ထိုနည်းတူပဲ သူတို့က ဆွဲဆောင်မှုတွေ၊
သိမ်းသွင်းမှုတွေ၊ ဖျားယောင်းမှုတွေ
အများကြီး ဖြစ်နိုင်တယ်။ တနည်းအားဖြင့်ပြောရရင်
ကျွန်တော်တို့တိုင်းပြည်မှာ တိုးတက်ဖြစ်ထွန်းလာတဲ့ ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီနစ်ကို
ထူထောင်ချင်တဲ့
နွေဦးတော်လှန်ရေးကို ဖျက်ဆီးချင်မယ်
ဖျက်ဆီးချင်တဲ့ အတွက် ခုနကလို
အပေးအယူအလျော့အတင်းတွေနဲ့ ကျန်သောအင်အားစုများတွေနဲ့ တော်လှန်ရေးကို ပုံပျက်အောင် လုပ်နေကြတာပဲလို့
မြင်ပါတယ်။
ဒီနေ့စစ်ကောင်စီကလုပ်တဲ့
ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ သူ့အာဏာ
ဆက်ပြီးတည်မြဲဖို့နဲ့ ၁၉၉၀
ရွေးကောက်ပွဲရလဒ်ကို လုပ်သလိုပဲ
ဒီကနေ့ နွေဦးတော်လှန်ရေး ရလဒ်ကို
ပျက်ပြယ်အောင်လုပ်ချင်တဲ့ သဘောထားအပေါ်မှာ အဓိကအခြေခံတာပဲဖြစ်ပါတယ်။ ဒါကြောင့်
စစ်မှန်တဲ့ငြိမ်းချမ်းရေးလည်း ဖြစ်မှာမဟုတ်သလို စစ်မှန်တဲ့
နိုင်ငံရေးဆွေးနွေးမှုတွေလည်း
ဖြစ်မှာ မဟုတ်ပါဘူး။ နောက်တစ်ခုက စစ်ကောင်စီက
ဖိတ်ခေါ်နေတဲ့ အဲသလိုနိုင်ငံရေးဆွေးနွေးမှုတွေ ကို လုပ်ခွင့်၊ ကိုင်ခွင့် ၊
ဆွေးနွေးခွင့်မရှိတဲ့ အစုအဖွဲ့ဖြစ်ပါတယ်။
မေး- မြန်မာ့ဒီမိုကရေစီအရေး
ကြိုးပမ်းနေသူတွေက အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီက
နေ့စဉ် နေ့တိုင်း ကျူးလွန်နေတယ် ဆိုပြီးတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဆီကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့
အမြဲတိုက်တွန်းနေကြပါတယ်။
စစ်ကောင်စီကတော့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေဆဲပဲဆိုတာ
သတင်းတွေမှာလည်း တွေ့နေရပါတယ်။ အဓိက စစ်ကောင်စီကို ကိုင်တွယ်ဖို့ရာ ဘာကအဓိကလိုနေသေးလို့လဲ။ သူ့ရဲ့
နောက်ခံအင်အားက ဘယ်လောက်များကြီးထွားနေသေးလို့လဲ။
ဖြေ- ဒီအချိန်မျိုးမှာတော့
စစ်ကောင်စီကို ဖြောင်းဖျမယ်။ ဆွေးနွေးမယ်လုပ်နေလို့ကတော့ မရပါဘူး။ ကျွန်တော်တို့ စစ်အုပ်စုကို ရိုက်ထည့်လိုက်ရမယ်။ ဖြုတ်ချလိုက်ရမယ်။ အဲဒါရှင်းတယ်။ အခြားသော
နည်းလမ်းများနဲ့လုပ်မယ်ဆိုရင်တော့
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကျွန်တော်တို့အပေါ်မှာ သူတို့တာဝန်ရှိမှာဖြစ်ပါတယ်။ တစ်ချို့သောနိုင်ငံတကာတွေက
ဘာပြောသလဲဆိုတော့
မြန်မာပြည်ရဲ့ ကိစ္စ
မြန်မာပြည်သူလူထုကပဲ အချင်းချင်းရှင်းကြပါစေ။ ဝင်မစွက်ဖက်ဘူးဆိုတာ လက်ရှောင်တာပဲ။ တနည်း အားဖြင့်
ကျွန်တော်တို့ဒီတော်လှန်ရေးကို သူတို့အကူအညီမပေးချင်တဲ့အခါမှာ စကားလုံးလှလှတွေနဲ့ လက်ရှောင်တာဖြစ်ပါတယ်။ အဲဒါတွေမဖြစ်အောင် ကျွန်တော်တို့
ပြောရမယ်။ အထူးသဖြင့်
အမေရိကန် အစိုးရကို ပြောရမယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း
အာဏာသိမ်းတဲ့ အချိန်မှာ ပထမဆုံးထောက်ခံခဲ့တဲ့နိုင်ငံက အမေရိကန်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့
တိုင်းပြည်မှာ အမေရိကန်အစိုးရဟာ စစ်အာဏာရှင်တည်မြဲခဲ့တဲ့အတွက်
တာဝန်ရှိသူဖြစ်တယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့အချိန်မှာ အမေရိကန်အစိုးရနဲ့ ဒီမိုကရေစီတိုင်းပြည်တွေဟာ
ကူညီဖို့ ကျွန်တော်တို့ပြောဖို့လိုတယ်။ နိုင်ငံတကာက
ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ကျွန်တော်တို့ဖာသာလုပ်ကြဖို့လိုပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာ ညီညွတ်ဖို့လိုတယ်၊
ကျွန်တော်တို့အချင်းချင်းကြားမှာပဲ အားပြုကြရမှာ ဖြစ်ပါတယ်။
မေး-မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဖြည့်စွက်ပြီးပြောချင်တာရှိရင် ဖြည့်စွက် ပြီး
ပြောပေးပါဦးဗျ။
ဖြေ- ဟုတ်ကဲ့။ ကျွန်တော်တို့
ခုနကတင်ပြခဲ့သလိုပဲ စစ်အုပ်စုကတော့
တော်လှန်ရေးအစပိုင်းကနေ အခု ၅၀ ကနေ
၄၀ ၊ ၃၀ တဖြည်းဖြည်းကျလာပြီဖြစ်ပါတယ်။ ဒီစီးပွားရေးဖြစ်စဉ်အပါအဝင် အားလုံးကိုကြည့်ရင်
သိနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ သုညကနေ
ဒီတော်လှန်ရေးကိုစခဲ့တယ်။ အခု ၅၀ ကနေ ၆၀
ဒီထက်ဆက်တက်သွားမယ့်အခြေအနေမှာရှိတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီ တော်လှန်ရေးမှာ တောင့်ခံနိုင်ဖို့လိုပါတယ်။ စုစည်းထားနိုင်ဖို့လိုတယ်။ ဘယ်လိုအကြောင်းအရာတွေပဲ ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ်
အဖွဲ့အစည်းအရပဲဖြစ်ဖြစ် စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ဒီတော်လှန် ရေးမှာ တောင့်ခံနိုင်မယ်ဆိုရင်
ဒီစစ်အာဏာရှင်စနစ်ဟာ မကြာခင် ပြိုကွဲပျက်စီးသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။
မေး။
ဟုတ်ကဲ့ပါ၊ အခုလိုဖြေကြားပေးတဲ့အတွက် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့် ထွန်းကို
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
ဖြေ။ ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ်။