တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားကျိန်းတောင်ကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

မင်းပြားမြို့ ကျိန်းတောင်ကို စစ်ကောင်စီက ယနေ့ နံနက်က ဒရုန်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက လေယာဉ်မဟုတ်ပါဘူး။ ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာ ဒရုန်းနဲ့လာပစ်တာပါ။ ကျိန်းတောင်ကို လာပစ်တာပါဟု ယနေ့ နံနက်က ပြောသည်။

မင်းပြားရှိတပ်ရင်းများကြသည့် ခမရ ၅၄၁၊ ၃၈၀၊ ၃၇၉ တပ်ရင်း သုံးခုစလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု သတင်းများပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီးမေးမြန်းရာတွင် ၎င်းက တိတိကျကျ မပြောနိုင်သေးကြောင်း ပြောကြားသည်။

တော်တော်များ နေရာတွေက ကျသွားပါပြီ။ အေအေသိမ်းပိုက်လိုက်ပါပြီ။ ၃၈၀ တပ်ရင်း၊ ၅၄၁ တပ်ရင်း အကုန်သိမ်းလိုက်ပါပြီ။ ကျိန်းတောင်ပေါ်တပ်စွဲထားတဲ့စခန်းလည်းကျသွားပါပြီ။  ခမရ ၃၇၉ တပ်ရင်းကို ရှင်းလင်းနေရတုန်းလို့ ကြားပါတယ်။ အဲဒီမှာ စစ်သားအနည်းငယ် ပုန်းအောင် ကျန်နေတယ်လို့ ကြားပါတယ်။ အရပ်သားတွေအနေနဲ့ အသေးစိတ် သိဖို့ မလွယ်နိုင်သေးပါဘူးဟု ပြောကြားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၅၀ မိနစ်ထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော်သည်  မင်းပြားအခြေစိုက် “(၃၇၉)၊ (၃၈၀)နှင့် (၅၄၁) တပ်ရင်းများ လက်ရှိ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

လက်ရှိ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မင်းပြားတပ်ရင်း ၃ ခုစလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ဖော်ပြနေကြသည်။

ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် မင်းပြားသို့ ပြန်လည်ဆက်သွယ်ရာ ဖုန်းလိုင်းမရရှိတော့ပါ။ သို့အတွက် နောက်ဆုံးမင်းပြားမြို့၏ လက်ရှိ အခြေအနေကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ