- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ ဇန်နဝါရီ ၁၅/ ၂၀၂၂ (နိုင်ငံတကာ)
လက်တွေ့ကျပြီး ခေတ်မီသော လေ့ကျင့်မှုများဖြင့် ဘင်္ဂလားဒေ့ရှ် တပ်မတော်ကို ကမ္ဘာ့အဆင့်မီ တပ်ဖွဲ့တစ်ခုအဖြစ် တည်ဆောက်ရန် ကြိုးပမ်းမှုများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
Mymensingh ခရိုင်မြို့၌ ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ဆောင်းရာသီ စစ်ရေးလေ့ကျင့်မှု ပိတ်ပွဲကို ကြည့်ရှုပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။
Mymensingh ခရိုင် Muktagachcha upazila ရှိ ချက်ချူဘဇားတွင် ပြုလုပ်သော လေးပတ်ကြာ ဆောင်းရာသီ စစ်ရေးလေ့ကျင့်မှုအား ပြီးဆုံးသည့် အခမ်းအနားသို့ ဗိုလ်ချုပ် Shafiuddin သည် အခြားတပ်မတော် အရာရှိများနှင့်အတူ စစ်ရေးလေ့ကျင့်မှုကို တက်ရောက်ကြည့်ရှုခဲ့သည်။
“လေ့ကျင့်ရေးအပြင် ဘင်္ဂလားဒေ့ရှ် တပ်မတော်အနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကဏ္ဍအားလုံးမှာ ပြည်သူတွေဘက်က ရပ်တည်နေပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
ဘင်္ဂလာဒေ့ခ်ျ့ခြေလျင်တပ်မ (၉) မှ ပြုလုပ်သည့် ၎င်းစစ်ရေးလေ့ကျင့်မှုကို Nabodiganta ဟု အမည်ပေးထားပြီး စစ်ရေး လေ့ကျင့်မှုကို အောင်မြင်စွာ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ဘင်္ဂလားဒေ့ရှ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာပေါ်တွင် နည်းပညာများ တိုးတက်လာပြီး စစ်မြေပြင်များတွင် နည်းပညာအသုံးပြုမှုများကို လက်ရှိတွင် မြင်တွေ့နေရပြီဟု ပြောကြားခဲ့ပြီး အနာဂတ်တိုက်ပွဲအစီအစဉ်တွင် ဉာဏ်ရည်တု နည်းပညာကိုထည့်သွင်းခြင်းဖြင့် ၎င်းတို့၏ အင်အားဖြည့်တင်းနိုင်စေသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး လက်ရှိ စစ်သားအင်အားမှာ ၂၆၀၀၀၀ နှင့် အရပ်သားဝန်ထမ်း ၁၃၄၀၈ ဦးရှိကြောင်း ဝီကီပီးဒီယားတွင် ဖော်ပြထားသည်။