- Web Master
- ၁၉ အောက်တိုဘာ ၂၀၂၄
(တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုပျက်လာလျှင် တိုက်ပွဲပြန်ဖြစ်နိုင်ဟုဆို)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦးပျောက်သွားသည်ကိုလိုက်ရှာသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ထိပ်တိုက်တွေ့ပြီး စစ်ရေးတင်းမာမှုဖြစ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၄ ရက်တွင် ပျောက်ဆုံးသွားသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လိုက်ရှာသည့် ယူနီဖောင်းနှင့် လက်နက်အပြည့်အစုံပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာသို့ဝင်ရောက်ရန် ကြိုးစားရာမှ ယင်းနယ်မြေကို ထိန်းချုပ်ထားသည့် AA တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများဖြစ်လောက်အောင်အထိ အခြေအနေတင်းမာခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရသေ့တောင်
ဒေသခံတစ်ဦးက “စစ်သား
၂ ယောက်ပျောက်သွားတယ်။ ပျောက်သွားတော့ လိုက်ရှာကြတဲ့ စစ်ကောင်စီတပ်က
ဦးဂါဘက်ကိုတက်ဖို့တောင်းတယ်ပြော
နောက်ပိုင်းတွင်
စစ်ကောင်စီတပ်သားများက လက်လျှော့လှည့်ပြန်သွား၍ တစ်စုံတရာ ပစ်ခတ်မှုများ
မဖြစ်ပွားခဲ့ဟု ဆိုသည်။
ပျောက်ဆုံးသွားသည့်
စစ်ကောင်စီတပ်သား ၂ ဦးနှင့်ပတ်သက်သည့် အသေးစိတ်ကိုမူ လောလောဆယ် မသိရသေးဟုလည်း သူက
ပြောသည်။
လက်ရှိတွင်
ယင်းဒေသတဝိုက်၌ AA က
အင်အားဖြည့်ထားသည်ဟုလည်း သိရသည်။
AA နှင့်
စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ
နှစ်ဘက်နားလည်မှုဖြင့် ယနေ့အချိန်ထိ အပစ်အခတ်ရပ်စဲထားကြခြင်းဖြစ်သည်
ယင်းသို့
နားလည်မှုဖြင့် ယူထားကြသည့် ကတိကဝတ်များဖြစ်သည့်အတွက် ယခုကဲ့သို့
တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုများပျက်ပြားလာပါက တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်
“တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျက်ပြားလာရင်တော့
တိုက်ပွဲကတော့ဖြစ်လာနိုင်တယ်။ မကြာခဏ ထိတွေ့မှုတွေ ဖြစ်လာတယ်။
ပွတ်တိုက်မှုတွေဖြစ်လာတယ်။ ဆွေးနွေးပွဲ လမ်းကြောင်းဆိုရင်
စစ်ကောင်စီဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
သူ၏ခရီးစဉ်များတွင် ရခိုင်ရှိ
တပ်မိသားစုများနှင့်တွေ့ဆုံပြီး စစ်ရေးသတိများရှိရန်နှင့် စစ်သားဟူသည်
တိုက်ပွဲဝင်ရန် အသင့်ရှိနေရမည်စသည်ဖြင့် ပြောဆိုစည်းရုံးမှုများကိုလည်း
ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီပိုင်သတင်းစာများ၏ထု